အခန်း - ၂၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ကလေးရောညီမ သက်သာလား"
"မသက်သာသေးဘူးအစ်မ အခုထိဖျားနေတုန်းပဲ"
"အစ်မလဲ ခေါ်သာခေါ်လိုက်ရတာ အားနာနေတာ"
"မနက်ပိုင်းပဲဆိုရင်တော့ ပမာလုပ်ပေးပါ့မယ်"
"သူလဲ အရေးကြီးလို့တော့ပြောတာပဲ နေ့လည်တော့လာမှာပါ ကျေးဇူးပဲညီမရယ် ဆိုင်ကလဲ ညီမမရှိရင် အဆင်ပြေတာမဟုတ်ဘူး ဟိုကလေးတွေကလဲ မုန့်ဈေးကိုသေချာမမှတ် အမြဲပြန်ပြန်မေးနေကြတာ"
ပမာပြုံးပဲ ပြလိုက်ပြီး မုန့်ထုတ်များကို စစ်လိုက်သည်။ ဆိုင်ရှိ ဝန်ထမ်းကလေးမလေးများဟာ ပမာ့ထက်အားလုံးငယ်ကြပါသည်။ တစ်ချို့က ပြောလျှင်နာခံတတ်သလို တစ်ချို့က ပြန်ခံပြောတတ်သေးသည်။ သူတို့မသိသည်ကို ပြောပြပြီးလျှင်လဲ မှတ်မထားကြပဲ ဈေးဝယ်ရှုပ်သည့်အခါ လိုက်မေးကြ၍ တစ်ခါတစ်လေ စိတ်တိုရ၏။ ထိုထဲတွင် ယနေ့ အလုပ်မလာသည့် မီးမီးက ပိုဆိုးသည်။ သူဆို ဈေးနှုန်းလဲ အကုန်သိသည်။ လုပ်လဲလုပ်တတ်ပါသည်။ သို့ပေမယ့် အရမ်းကပ်တွက်ပြီး အချောင်ခိုတတ်သည်။
ဆိုင်ရှင်အစ်မဝင်းက ပမာ့ကို မျက်နှာသာပေးသလို ပိုက်ဆံရှင်းသည့် Counter တွင်သာ ထိုင်ပါဟုပြောထားသည်။ ကလေးတွေကိုပဲ ခိုင်း လူကျမှ ဝင်လုပ်ပေးပါဟုပြောထားပေမယ့်လဲ ပမာက မနေတတ် အမြဲ ထွက်ထွက်ရောင်းသည်။ ထိုအခါ မီးမီးက ပမာပခန့်နှင့်အော်တတ်ပြီး ဈေးသည်များရှေ့တွင် ပမာ့ကိုပြန်ပြန်ခိုင်းတတ်သေးသည်။ ဒီကလေးနဲ့လဲ ဘယ်နေ့ စကားများမလဲမသိဘူး ဟူး...။
"သက်သာလားဟေ့ကောင်..."
"ဟုတ် နဲနဲသက်သာတယ် အဟွတ်အဟွတ်..."
"နှာတွေလဲ စေးလဲချည်လား"
"မီးပုံ့အအေးပတ်တာတဲ့"
ဝရံတာတွင် တစ်ယောက်ထဲထိုင်နေသည်ကြောင့် အိမ်လာလည်ပေးခြင်းဖြစ်သည်။
"အိမ်လိုက်လည်မလား "
"ဦးဦးအိမ်လား"
"ဒါပေါ့ တစ်ယောက်ထဲထိုင်နေရတာ မပျင်းဘူးလား"
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
