7

7.8K 852 1
                                    

Unicode Ver

၇။ ဗိုက်ကဒဏ်ရာ

W မြို့တော်အမှုတွဲနဲ့ ပတ်သတ်ပြီး မော့ဟန်က ရုတ်တရပ် အစည်းအဝေး ကျင်းပဖို့ လိုနေတယ်။ ဒီအခြေအနေကို ရင်ဆိုင်ရမယ့် ဗျူဟာစဉ်းစားပြီးတဲ့နောက်မှာ အစည်းအဝေးအခန်းကို သူလျှောက်သွားတယ်။ အစကတော့ သူ့အလုပ်တွေကို ဖြတ်ကာ ရဲစခန်းသွားတော့မလို့ပဲ။ ဒီကအရာရှိတချို့နဲ့ သူရင်းနှီးတယ်။ မမျှော်လင့်တဲ့ဧည့်သည်လေးနဲ့ ပတ်သတ်ပြီး အခြေအနေကို သူမေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တစ်စုံတစ်ယောက်အကြောင်းကို မဆိုသလောက်လေးပဲ သိလိုက်ရတာက ပထမဆုံးအကြိမ်ဖြစ်နေလို့ပဲ။

ရှေ့နေတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတဲ့အခါမှာ တစ်စုံတစ်ယောက်က သူဘာတွေးနေတာလဲဆိုတာကို စောင့်စရာမလိုပဲ သူတန်းသိတယ်။ ဒါပင်မယ့် အခုအချိန်မှာတော့ ဒီကောင်မလေးက ဒီလောက်မလွယ်မှန်း သူသိခဲ့တယ်။

ဒါပင်မယ့်လည်း သူရုံးကမထွက်ခင် တချို့အချက်အလက်တွေကို တွေးတောချင့်ချိန်နေတုန်းမှာပဲ လျူဇီယွမ်က ပြန်ရောက်လာတယ်။

မော့ဟန်က မျက်ခုံးကျုပ်လိုက်ရင်း စားပွဲပေါ်ကထကာ
"မင်းဘာလို့မြန်မြန်ပြန်လာတာလဲ?"

လျူဇီယွမ်က သူ့ boss သူ့ဆီလာတာမြင်တော့ ရိုရိုသေသေရပ်လိုက်တယ်။
"ရှေ့နေကြီး ရဲစခန်းမရောက်ခင် အဲ့ဒီကောင်မလေးက ထွက်ပြေးသွားတယ်"

"ထွက်ပြေးတယ်?"

"ကားထွက်ပြီးလို့ သိပ်မကြာဘူး။ အဲ့ဒီကောင်မလေးက ဗိုက်ရစ်လာလို့ အိမ်သာကို ပို့ခိုင်းတယ်"
လျူဇီယွမ်က သူ့ boss စိတ်တိုနေတာကို မကြည့်ရဲဘဲ တိုးတိုးပြောတယ်။
"ဟန်ဆောင်နေတဲ့ပုံမပေါ်တော့ ကျွန်တော်လည်းအနီးဆုံးသန့်စင်ခန်းကို မောင်းပြီး အပြင်ကစောင့်နေလိုက်တာ"

"အကြာကြီးစောင့်နေပင်မယ့် ပေါ်မလာတော့ဘူး။ အနားကလူတွေကိုမေးကြည့်တော့ သန့်စင်ခန်းထဲမှာ ဘယ်သူမှမရှိဘူးတဲ့"
သူ့ bossရဲ့ မကျေနပ်မှုက တဖြည်းဖြည်းတိုးတိုးလာတော့ သူ့အသံကလည်း ဖျော့ဖျော့ပဲရှိတော့တယ်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now