144

3.1K 310 5
                                    

Unicode Ver

၁၄၄။ စားသောက်ဆိုင်

ဟန်လျန်၏နှုတ်ခမ်းမှာ မသိမသာ မဲ့သွားသည်။
"ဒါဆိုရင်လည်း. . .ရပါတယ်။ ကိုယ်တို့တွေမှာ အချိန်အများကြီး ရှိသေးတာပဲ"

ကားဟာ အဝေးပြေးလမ်းမကြီးထက်တွင် သွားနေသည်။ ထိုလမ်းမကြီးသည် မဆုံးနိုင်တော့သလိုဖြစ်ကာ လမ်းတစ်လျှောက်တွင် သစ်ပင်တို့က စိမ်းစိုနေသည်။ ရှုချင်းရီမှာ ဒီမြင်ကွင်းများကို ငြီးငွေ့ရလောက်သည့်အထိ ကြည့်နေရှာသည်။ မော့ဟန်ကတော့ လက်တော့တစ်လုံးဖြင့် အလုပ်လုပ်ရင်း လိုက်လာသည်။

"Fမြို့နားကိုရောက်နေပြီ ငါတို့အိမ်ရောက်တော့မယ်"
ဟန်လျန်က ပြောသည်။

"အင်း"
ရှုချင်းရီက ပြောသည်။

"ညန်ညန် ဗိုက်ဆာနေပြီလား? တစ်ခုခုဝင်စားကြမလား?"

"မဆာဘူး"

"တစ်ခုခုစားလေ။ ကားထဲမှာ ထိုင်နေကြတာ ကြာပြီ။ ပြီးတော့လည်း ဘယ်အချိန်မှ စားရမှန်း ငါတို့သိတာမဟုတ်ဘူး"
မော့ဟန်က သူ့လက်ပတ်နာရီကိုကြည့်ပြီး ပြောသည်။

ရှုချင်းရီက နောက်ကိုမှီထိုင်နေကာ အပြင်ကို ကြည့်နေရင်းမှ
"ဒါဆိုရင်လည်း စားတာပေါ့"

ကားဟာ မြို့ထဲက ရှေးဟောင်းပုံစံ စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။ ဆိုင်းပုတ်ကအစ သစ်သားဖြင့် လုပ်ထားတာ ဖြစ်သောကြောင့် ပိုရှေးကျသည့် အငွေ့အသက်ကို ရစေသည်။ အနီရောင်ကြာပန်းပုံစံဒီဇိုင်းများဖြင့် နံရံကို အလှဆင်ထားသည်။ ဆိုင်ထဲတွင် လူကျလျှက်ရှိသလို အဝင်ဝက ဝန်ထမ်းများမှာ တရုတ်ရိုးရာဝတ်စုံတို့ဖြင့် လှပစွာ ကြိုဆိုနေကြသည်။

ဟန်လျန်က စားသောက်ဆိုင် အဝင်ဝတွင် ရပ်ကာ ရှုချင်းရီအား ကြည့်ရင်း
"အခုမှတ်မိပြီလား?"

"ဘာကိုမှတ်မိရမှာလဲ?"

"ဒီဆိုင်ကို ညန်ညန်ဖွင့်ထားတာလေ"

ထိုအခါ ရှုချင်းရီသည် ဒီဆိုင်ကို သေသေချာချာ ထပ်ကြည့်မိတော့သည်။ သူမက ဒီဆိုင်၏ပိုင်ရှင် ဆိုသည်က ယုံနိုင်စရာကို မရှိပေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now