၁၆၆။ အမှန်တရားက ပေါ်လာလေပြီ
သူမ၏ဦးလေးသည် သူတို့ထမင်းစားပြီးသည့်အချိန်အထိ သူ့သမီးအခန်းထဲမှ ထွက်မလာခဲ့ပါ။ အခန်းထဲမှ ရန်ဖြစ်သံများသည် အချိန်အတော်ကြာသည့်အထိ ဆူညံ့စွာထွက်လာပြီးကာမှ သူမဦးလေးက သူမတို့အား သူသမီးမှာ စိတ်ဆိုးသွားသောကြောင့် အခန်းထဲမှာ အောင်းနေလိမ့်မည်ဟု ပြောသွားသည်။
သူဦးလေးက အားနာစွာ ပြောလေလေ ရှုချင်းရီမှာလည်း ပိုအားနာလာလေလေ ဖြစ်နေသည်။ သူမသည် ဒီကိုအမျိုးတွေဖြင့် တွေ့ရအောင် လာခဲ့ခြင်းဖြစ်သော်လည်း ဒီဦးလေးက ဒီလိုလုပ်နေသည့်အခါ သူမစိတ်ညစ်လာတော့သည်။ ထို့ကြောင့် အခြားသူများက ရုပ်ရှင်အတူထိုင်ကြည့်နေကြစဉ်တွင် လော့မုန်း၏အခန်းကို သူမတံခါးသွားခေါက်လိုက်သည်။
လော့မုန်းက သူမကိုမြင်သည့်အခါ နှာခေါင်းရှုံလိုက်ကာ ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး သူမအား ထွက်သွားရန် ပြောသည်။ ထို့နောက် တံခါးကို ပြန်ပိတ်လိုက်ရန် ပြင်သည်။
ရှုချင်းရီက တံခါးကို ခြေထိုးခံလိုက်ပြီး
"နင်ငါ့ကိုမကြိုက်တာတစ်ခုခုရှိတယ်မလား?"လော့မုန်းက သူမ၏မျက်လုံးကို လှန်လိုက်ကာ
"ဟုတ်တယ်! နင်ကန်းနေတာမဟုတ်လို့ တော်သေးတယ်!"ရှုချင်းရီက လက်ပိုက်လိုက်ကာ တံခါးကိုမှီလိုက်ပြီး
"ဘာဖြစ်လို့လဲ?""လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ငါနင့်ကို ပြောပြီးသား။ ငါထပ်မပြောချင်ဘူး"
ရှုချင်းရီက ပုခုံးကိုတွန့်လိုက်ကာ
"ဒါပင်မယ့် ငါကအတိတ်မေ့သွားပြီလေ"လော့မုန်းက သူမအား သံသယအပြည့်ဖြင့် ကြည့်သည်။ ထို့ကြောင့် ရှုချင်းရီက ခေါင်းငြိမ့်ပြရင်း သူမအား
"နင့်အဖေက နင့်ကိုပြောမထားဘူးလား?""ငါမသိဘူး။ ဘာပဲဖြစ်ဖြစ် သူဘာပြောပြော ငါနားထောင်ပေးမှာမှလည်း မဟုတ်တာ"
လော့မုန်းက ဆက်ပြောသည်။
"နင်အတိတ်မေ့သွားတော့ရော ငါကဘာလုပ်ပေးရမှာလဲ?"ရှုချင်းရီသည် သူမအား လော့မုန်းက ဘာဖြစ်လို့ ဒီလိုခါးသီးစွာ ဖြစ်နေသလဲကို နားမလည်နိုင်ပေ။ ထို့ကြော်င့ သူမအား ရန်စွပေးလိုက်ကာ
"အရင်တုန်းက နင်မကြိုက်တာတစ်ခုခု ငါလုပ်မိတယ်မလား?"
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...