180

3.1K 282 0
                                    

Unicode Ver

၁၈၀။ မတော်တဆအနမ်း

ရှုချင်းရီမှာ ရင်ဘက်ထဲတွင် ခဲလုံးကြီးဖြင့် ဆွဲချခံလိုက်ရသလို ဖြစ်သွားသည်။
'ပြန်တွဲသွားကြတာတော့ မဟုတ်ကြဘူးမလား?'

မော့ဟန်က ဘာကိုမှမပြောဘဲ သူမကိုသာ စိုက်ကြည့်နေသည်။

ရှုချင်းရီက မော့ဟန်ကို မကြည့်တော့ဘဲ ဒေါသထွက်နေသည့် လေသံဖြင့်
"ဘာပဲဖြစ်ဖြစ် သူနဲ့တော့ ခင်ခင်မင်မင် မနေနိုင်ဘူး။ ကျေးဇူးပြုပြီး ချိန်းတွေ့ဖြစ်ရင် ညီမလေးကို မခေါ်နဲ့။ သူကအပြစ်မရှိအပြစ်လိုက်ရှာပြောလိမ့်မယ်"

"ဒါဆိုရင် ဘာဖြစ်လို့ စိတ်တိုနေတာလဲ?"

"စိတ်မတိုပါဘူး!"
ရှုချင်းရီက ပြန်အော်သည်။

"စိတ်မတိုဘူးဆိုရင် ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ?"

"စိတ်မတိုပါဘူး ဆိုနေမှ!"
ရှုချင်းရီက ခနငြိမ်ကျသွားပြီးနောက်
"သွားအိပ်တော့မယ်။ မနက်ဖြန်မနက် အတန်းချိန်ရှိတယ်"

"ငါတို့ပြန်မတွဲဖြစ်ပါဘူး။ သူ့ကိုသေချာပြောပြီးသား"

"ညီမလေးနဲ့ ဘာဆိုင်လို့လဲ။ အိပ်တော့မယ်"

"ဒါကနောက်ဆုံးအကြိမ်တွေ့တာ။ သူကလာနှုတ်ဆက်သွားတာ"

"ကိုကြီးတို့ကြားမှာ ဘာပဲဖြစ်ဖြစ် ညီမလေးကို ဘာမှလာပြောနေစရာ မလိုပါဘူး"

"ဒါပင်မယ့် ပြောပြချင်တယ်လေ"
မော့ဟန်က ဆွဲဆောင်မှုပြည့်နေသည့် အသံဖြင့် ရှုချင်းရီအား သေချာစိုက်ကြည့်ကာ ပြောသည်။ ရှုချင်းရီမှာ မော့ဟန်၏ဒီလိုအကြည့်တွေထဲတွင် နစ်မြုပ်သွားသလို ဖြစ်သွားသည်။ ဒီလိုအကြည့်မျိုးကို သူမအရင်တုန်းက မြင်ဖူးသလိုပင်။

"အများကြီးတွေးမနေနဲ့။ အိပ်တော့"
မော့ဟန်က ပြောသွားသည်။

ရှုချင်းရီမှာလည်း မော့ဟန်၏အကြည့်တို့ဖြင့် မရင်ဆိုင်ရဲသောကြောင့် တံခါးပိတ်လိုက်သည်။ ထို့နောက် မီးကိုလည်း ပိတ်လိုက်ကာ အမှောင်ထဲတွင် သူမ၏ရင်ခုန်သံကို နားထောင်နေမိသည်။

နောက်ရက်များတွင် မော့ဟန်သည် နိုင်ငံတကာစီးပွားရေးပူးပေါင်းမှု သဘောတူညီချက် စာချုပ်အတွက် တရားရေးရာအကြံပေးအဖြစ် တာဝန်ယူရသည်။ အကယ်၍ ဒီစာချုပ်သာ အောင်မြင်သွားလျှင် တစ်နှစ်လုံးအတွက် သူ့ဝန်ထမ်းများ၏လစာကို သူစိတ်ပူစရာ မလိုတော့ပေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now