38

5.1K 679 17
                                    

Unicode Ver

၃၈။ ဒီမှာထပ်မအိပ်နဲ့တော

ရုံးခန်းထဲတွင် မော့ဟန်က အချိန်အတော်ကြာအောင် အလုပ်လုပ်ပြီးကာမှ ရှုချင်းရီအခန်းထဲတွင် မရှိတော့သည်ကို သတိရတော့သည်။ သူမကို သူနောက်ဆုံးလှည့်ကြည့်လိုက်တုန်းက ထိုကောင်မလေးသည် သူမအတွက် တစ်လုံးမှ နားမလည်နိုင်မည့် စာအုပ်ကိုကိုင်ကာ ဆိုဖာပေါ်တွင် ဖတ်နေသည်။

မော့ဟန်က စာရွက်စာတမ်းများကိုချကာ မတ်တပ်ထရပ်လိုက်ပြီး ရှုချင်းရီကို ထွက်ရှာသည်။ သူအခန်းထဲက ထွက်ထွက်ချင်း ရှုချင်းရီသည် လီကျင်းဘေးတွင်ထိုင်ကာ အခြားအမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့်အတူ စကားပြောရင်း တောက်ပစွာ ရယ်မောနေလေသည်။

သူမျက်မှောင်ကျုံမိသွားသည်။ ထိုအမျိုးသားသည် မော့ဟန်ကိုမြင်သည်နှင့် ထနှုတ်ဆက်လိုက်ကာ စာရွက်စာတမ်းများကိုသိမ်းပြီး ထွက်ပြေးသွားလေသည်။

"ဘာဖြစ်လို့ ထွက်သွားတာလဲ?"

မော့ဟန်က မေးသည်၊

ရှုချင်းရီက သူမနှင့် စကားပြောနေသောသူသည် မော့ဟန်ကိုတွေ့သည်နှင့် ထွက်ပြေးသွားသောကြောင့် စိတ်မကောင်းဖြစ်သွားပြီး

"အထဲမှာ မွန်းကြပ်လာလို့ အပြင်ကိုလေကောင်းလေသန့်လာရှူတာ"

"သူများတွေ အလုပ်လုပ်နေတာကို မနှောင့်ယှက်ပါနဲ့လို့ မှာထားတယ်မလား?"

"မနှောင့်ယှက်ပါဘူး။ ဖြတ်သွားဖြတ်လာတွေနဲ့ စားတစ်ခွန်းစ နှစ်ခွန်းစ ပြောရုံတင်ပါ။ အလုပ်ကိုရပ်ပြီးပြောနေကြတာမှ မဟုတ်တာ"

ရှုချင်းရီက သူမအကိုစကားကို တစ်ခွန်းမခံ ပြန်ပြောသည်။

"ဒီလိုမျိုးလျှောက်သွားမနေနဲ့။ အပြင်ထွက်မယ်ဆိုရင်လည်း ငါ့ကိုပြောသွား"

"ရုံးခန်းထဲက ထွက်သွားတာလေးလောက်ကို ကိုကြီးကို ပြောပြနေရမှာလား? ညီမလေးပြောလိုက်ရင်လည်း ကိုကြီးအလုပ်လုပ်နေတာကို နှောင့်ယှက်သလို ဖြစ်သွားမှာပေါ့"

လီကျင်းက ရှုချင်းရီဘေးကနေ သူတို့နှစ်ယောက်စကားများကို ကြောက်လန့်တကြားနားထောင်နေသည်။ သူမကို မော့ဟန်ကို ဒီလိုငြင်းဆိုတဲ့သူမျိုး တစ်ခါမှ မမြင်ဖူးလေဘူး။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now