11

6.9K 849 11
                                    

၁၁။ ခင်ဗျားညီမလား?

ဆေးရုံကိုရောက်တာနဲ့ မော့ဟန်က ကောင်မလေးကိုသယ်ကာ အရေးပေါ်ဌာနကို ပြေးသည်။ လူနာတင်စင်ကို တွန်းလာတဲ့ နာစ်မက သူ့ရင်ခွင်ထဲက ကောင်မလေးကို မြင်တော့ ထိတ်လန့်တကြား မျက်လုံးပြူးသွားကာ ပြောသည်။
"နင်က . . . ထွက်ပြေးသွားတဲ့ . . .ဟိုလူနာမလား?"

နာစ်မက ဗိုက်မှာသွေးတွေရွှဲနေပြီး မျက်နှာဖျော့ဖျော့လေးပဲရှိတော့တာ မြင်တော့ သူ့အမှုအယာက ပြောင်းသွားသည်။ ကောင်မလေးဘေးမှာ ရပ်နေတဲ့ ယောကျၤားနှစ်ယောက်ကို လှည့်ကြည့်ကာ
"ဘာဖြစ်တာလဲ? ဒီလိုအခြေအနေကို ဘယ်လိုလုပ်ရောက်သွားရတာလဲ?"

မော့ဟန်က ပြန်ဖြေလိုက်သည်။
"ဗိုက်က ဒဏ်ရာပွင့်သွားတာ"

နာစ်မက လူနာတင်စင်ပေါ်က ကောင်မလေးကို လှည့်ဆူတော့သည်။
"နာနေပြီမလား? အခုမှသတိရလာတာ။ ကိုယ်ကမကောင်းသေးဘူးလို့ ပြောသားပဲ။ ဒါပင်မယ့် ထွက်ပြေးသွားတယ်။ ဘာကောင်းတာရှိလို့လဲ? အခုတော့ ဒီလိုဖြစ်သွားတဲ့ အခြေအနေနဲ့ ပြန်လာရပြီ ကြည့်ပါဦး!

သူမဗိုက်က မီးတောက်နေသလို အရမ်းနာနေပြီ။ သူမက နာကျင်စွာနဲ့ ပြောသည်။
"အမကြီး ကျွန်မဒဏ်ရာကို ချုပ်မပေးရင် ကျွန်မတကယ်သေသွားလိမ့်မယ်။ အရမ်းနာနေပြီ"

နာစ်မက သူမကိုကြည့်ပြီး မော့ဟန်ကို လှည့်ကြည့်ကာ
"အောက်ထပ်မှာ စာရွက်စာတမ်းဖြည့်ပြီး ငွေရှင်းပေး"

ပြောပြီးတာနဲ့ လူနာတင်စင်ကို အထဲကိုအမြန်တွန်းသွားကာ စကုသတော့သည်။

"မင်းအောက်ထပ်ကို ငွေသွားရှင်းလိုက်။ ငါဒီကောင်မလေးနောက် လိုက်သွားလိုက်မယ်"
ပိုင်ယုဘာမှတောင် ပြန်မပြောရသေးခင် မော့ဟန်က နာစ်မနောက် အပြေးလိုက်သွားသည်။

ပိုင်ယုက အော်ပြောသည်။
"ဟေ့ကောင်! ငါ့ကိုဒီလိုထားခဲ့ရလား? ခနစောင့်ဦး! ကောင်တာဘယ်မှာမှန်းတောင် ငါမသိဘူးကွ!"
မော့ဟန်က အဝေးကြီးကို ရောက်သွားတာ မြင်နေရတော့ သူပါးစပ်ပိတ်ကာ နာမည်သွင်းဖို့ စိတ်မပါစွာ သွားရတော့သည်။

ဆရာဝန်ကြီးက ကောင်မလေးကို ထုံဆေးပေးလိုက်ပြီး ကုတင်အဖြူပေါ်မှာ လှဲစေကာ ဒဏ်ရာကိုမချုပ်ခင် သွေးတိတ်အောင် လိုအပ်တာတွေ ပြင်ဆင်လိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now