194

2.9K 218 0
                                    

Unicode Ver

၁၉၄။ ထောင်ထဲက တတိယသခင်လေး

မော့ဟန်က နဖူးလေးကို နမ်းပြီးနောက် သူမခေါင်းလေးကို ပုတ်လိုက်ကာ
"စိတ်မပူနဲ့။ မင်းဘေးမှာပဲ ရှိပေးမယ်။ ဘယ်ကိုမှ မသွားဘူး။ စောင့်ရှောက်ပေးမှာပေါ့"

ထို့နောက် ပုခုံးလေးကို ခပ်ဖွဖွဖျစ်ရင်း
"ရှောင်ယဲ့ဆီကို. . . တစ်ရက်လောက် ခေါ်သွားလေ"

"နောက်မှအတူသွားကြတာပေါ့။ တစ်နှစ်ပြည့်ကျရင် သွားမယ်လေ"
ရှုချင်းရီက ပြောသည်။

မော့ဟန်က အတိတ်အကြောင်းကို ကြားတုန်းက သူစိတ်မကောင်း ဖြစ်သွားခဲ့သည်။ အတိတ်က ဖြစ်ခဲ့သည်များကို သူမကြိုက်သော်လည်း သူမအား သူ့ဘေးတွင်ပဲ ရှိစေကာ သူတို့နှစ်ယောက် ဝေးကွာမသွားချင်သည့်စိတ်ကိုတော့ မမှီပေ။

နောက်နေ့တွင် ရှုချင်းရီသည် စိတ်ပေါ့ပါးစွာဖြင့် ကျောင်းသွားသည်။ မော့ဟန်ကလည်း ရုံးတွင် စိတ်အေးလက်အေး အလုပ်လုပ်နေသည်။ သူတို့နှစ်ယောက်ကြားတွင် ပြဿနာကြီး မရှိနိုင်တော့သည့်အလားပင်။

လျူဇီယွမ်က အရာရှိကြီးကျန်းဆီသို့ ဖိုင်တစ်ခုပေးရန် ရှိသည့်အခါ မော့ဟန်က သူကိုယ်တိုင် သွားပေးရန်လုပ်သည်။ အဘယ်ကြောင့်ဆိုသော် ရဲစခန်းက ရှုချင်းရီ၏ ကျောင်းနှင့် နီးသောကြောင့် တစ်ခါတည်းဝင်ကြိုရန် ဖြစ်သည်။

ရဲစခန်းသို့ ရောက်သည့်အခါ အရာရှိကြီးကျန်းက စစ်မေးနေသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် မော့ဟန်လည်း စစ်မေးသည်ကို ကြည့်သည့်အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။

အချိန်ကြာမည့်ပုံပေါ်သဖြင့် မော့ဟန်က ဖိုင်ထားပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း အရာရှိကျန်းစစ်မေးနေသည့်သူကိုမြင်သော် ခြေလှမ်းတို့ကတန့်သွားသည်။

ထိုလူ၏ အကြည့်များက သူ့ရင်ထဲအထိတောင် အေးစက်သွားစေသည်။ ထို့ကြောင့် ကျန်းယန်အား သူမေးကြည့်လိုက်သည်။
"စစ်မေးခံရတဲ့သူက ဘယ်သူလဲ?"

ထိုအခါမှ ကျန်းယန်က မော့ဟန်ကို သတိထားမိသွားပြီး အနည်းငယ်လန့်သွကာ
"ဟာ ရှေ့နေကြီး. . .ဒီနေ့ ဒီကို ဘာကိစ္စရှိလို့လဲ မသိဘူး?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now