Unicode Ver
၁၉၃။ နာခံပါ့မယ်
ရှုချင်းရီက မေးလိုက်သည်။
"တတိယသခင်လေး ကျွန်မတစ်ခု မေးချင်လို့။ ရှောင်ယဲ့က ဘယ်လိုသေသွားတာလဲ?"ရှုချင်းရီက ရှောင်ယဲ့၏ သေဆုံးခြင်းကြောင့် အပြစ်မကင်းဖြစ်ကာ ညတွင်အိပ်မက်ဆိုးများ မက်တက်နေသည်။ ထို့ကြောင့် အတိအကျကို သူမသိရန် လိုအပ်လေသည်။
"သူက. . .ငါသူသေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဝမ်ရှန်က သူ့ကိုကြိုက်နေတာကို ငါသိတယ်. . .ဝမ်ရှန်က ရှောင်ယဲ့ကိုကြည့်တိုင်း သူ့စိတ်တွေကိုမှ ဖုံးမရတာ။ အဲ့ဒါကြောင့် ငါသိလာတာ။ ဝမ်ရှန်က တကယ်မကောင်းတဲ့သူပဲ. . .ရှောင်ယဲ့ကိုတော့ သေသွားလိမ့်မယ် မထင်ခဲ့ဘူး. . .အနည်းဆုံးတော့ ရှောင်ယဲ့ကိုလွှတ်ပေးလိမ့်မယ်လို့ ငါထင်ခဲ့တာ. . .ဒါပင်မယ့် သူကိုယ်တိုင် သတ်ပစ်လိုက်တယ်. . ."
တတိယသခင်လေးက ခေါင်းငုံ့သွားကာ
"သူ့လက်နဲ့ ရှောင်ယဲ့ရဲ့ဗိုက်ကို ဓားနဲ့ထိုးခဲ့တာ။ ဝမ်ရှန်က သူသဘောကျတာကို မပိုင်ဆိုင်ရရင် သူကိုယ်တိုင် ဖျက်စီးပစ်တက်တဲ့ စိတ်ဓာတ်မျိုးရှိမှန်း ငါတကယ် မသိခဲ့ဘူး။ အဲ့ဒါကြောင့် ရှောင်ယဲ့က သူ့လက်ထဲမှာ သေရတာပဲ""မသေခင် တစ်ခုခုမှာသွားသေးလား?"
တတိယသခင်လေးက သူမကိုကြည့်ကာ
"သူဘယ်လိုသေလဲ နင့်ကိုမပြောဖို့ ပြောသွားတယ်။ ပြီးတော့ နင့်ဘဝကို နင်ကိုယ်တိုင် ဦးဆောင်ပြီး နေဖို့ပေါ့။ နင့်အတွက်ပဲ သူပြောသွားတာ"ရှုချင်းရီက နှုတ်ခမ်းလေးကို ကိုက်ကာ ခေါင်းကိုငုံသွားသည်။
"ရှောင်ယဲ့ဖြစ်ခဲ့တဲ့အတွက်. . ."
တတိယသခင်လေးက မေးသည်။
"နင်ငါ့ကို မုန်းသွားပြီလား?""မုန်းတဲ့အထိ မဟုတ်ပါဘူး။ အဲ့အချိန်တုန်းက သခင်လေးက တစ်ခုခုလုပ်လိုက်တယ်လို့ ထင်ခဲ့မိတာ။ တကယ်တော့လည်း ကျွန်မအရန်းပင်ပန်းနေတော့ ကိစ္စအများစုကို ကျွန်မကိုယ်တိုင် သတိမထားမိတော့ဘဲ အဲ့ဒီပတ်ဝန်းကျင်က ထွက်သွားဖို့ပဲ တွေးနေမိခဲ့လို့ပါ"
ရှုချင်းရီက သက်ပြင်းချကာ
"သခင်လေးက ကျွန်မနဲ့ ရှောင်ယဲ့တို့ ဘာတွေလဲလို့ သိချင်နေခဲ့တာမလား? တကယ်တော့ ၆နှစ်လုံး သခင်လေးကိုပဲ ချစ်ခဲ့တာ"
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...