14

6.7K 828 6
                                    


၁၄။ ငါ့အိမ်ကိုလိုက်ခဲ့

သူထွက်သွားတဲ့အခါ ဆေးရုံခန်းရှေ့က နှစ်ယောက်က တိတ်ဆိတ်သွားသည်။ တစ်ယောက်မှ စကားမပြောကြဘူး။

မော့ဟန်က လေသံလျှော့ကာ ပြောသည်။
"ဆေးရုံမှာပဲနေ။ ပြန်ကောင်းတဲ့အထိ စောင့်ဦး။ ပြီးရင် မင်းမိသားစုတွေ ဘယ်မှာနေလဲဆိုတာကို ရဲစခန်းကို လိုက်ပို့ပြီး ရှာပေးမယ်"

ကောင်မလေးက ခေါင်းမာသည်။
"ကျွန်မ ရဲစခန်းကို သွားမှာမဟုတ်ဘူး"

မော့ဟန်က စိတ်တော်တော်တိုသွားသည်။
"မင်းဒဏ်ရာရထားတာ။ ထုံးဆေးတောင် မပြယ်သေးဘူး။ အဲ့ဒါကို ဆေးရုံမှာ မနေချင်ဘူး။ ရဲစခန်းလည်း မသွားချင်ဘူး။ မင်းဘယ်သွားမှာလဲ ငါ့ကိုပြောကြည့်စမ်း? ကိုယ့်ကိုကိုယ် ပြန်ငဲ့ဦး။ မင်းအပြင်မှာသေသွားရင်တောင်မှ ဘယ်သူမှဂရုစိုက်မှမဟုတ်ဘူး"

ကောင်မလေးက ခေါင်းဆက်ငုံထားသည်။ သူမဗိုက်က နာနေတုန်းပဲ။ သူမက နံရံကို အားပျော့စွာ မှီထားကာ သူ့ကိုပြန်မကြည့်ဘူး။
"ကျွန်မ ဆေးရုံမှာ မေ့နေတာ ၁လလောက်ရှိတယ်။ ဘယ်သူမှ လာမရှာကြဘူး။ ကျွန်မမိသားစုက ရှာချင်ရင် သေခါနီးအခြေအနေလောက်တည်းက လာရှာတွေ့ပြီးလောက်ပြီ"

"တစ်ယောက်လောက်ပဲ ကျွန်မကိုလာရှာရင် . . . ကျွန်မက ဘယ်သူလဲဆိုတာ ဘာလို့ဒီရောက်နေရတာလဲဆိုတာလေးပဲ ပြောပေးရင် . . .ရပါပြီ"

မနက်၃နာရီမှာ ဆေးရုံက ချောက်ချားဖွယ် တိတ်ဆိတ်နေသည်။ ဆေးရုံစင်္ကြန်ရဲ့ အဖြူရောင်တောက်တောက်တွေက မျက်စိကျိန်းစေသည်။ သူတို့နှစ်ယောက်ပဲ စင်္ကြန်လမ်းပေါ်မှာ ရှိနေကြပြီး ဘယ်သွားမလဲဆိုတာကို ငြင်းခုံရင်းနဲ့ အခြေအနေက တင်းမာဆဲပဲ။ မော့ဟန်က သူမခေါင်းငုံကာ နံရံကိုမှီထားတာကြောင့် မျက်နှာအမှုအယာကို မမြင်ရဘူး။ သူမက မီးခိုးရောင်အကျႌပွပွကြီးကို ဝတ်ထားသည်။ သူမျက်လုံးထဲမှာ ကိုးလို့ကန့်လန့်ဖြစ်နေပြီး သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာကို သူမသေချာဘူး။

အချိန်အတော်ကြာပြီးတဲ့အခါမှာ ဆေးရုံက မြင်ကွင်းကို သူပြန်မြင်ယောင်မိသည်။ ပြီးတော့မှ သူနားလည်သွားသည်။ ဒါက သူရင်ဘတ်ထဲမှာ အောင့်နေခဲ့တာပဲ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now