Unicode Ver
၁၂၃။ မဖြေသည့်ဖုန်း
"နင်တို့ဒါကိုသိမှာမဟုတ်ဘူး! ဟိုတနေ့က ရှေ့နေကြီးကို စာရွက်စာတမ်းတွေ သွားတင်ပြနေတုန်းက အဲ့ဒီကောင်မလေးက ရုံးခန်းထဲက ဆိုဖာပေါ်မှာ အိပ်နေတာ။ ရှေ့နေကြီးကတော့ သူ့စားပွဲမှာ အလုပ်ထိုင်လုပ်နေတာ။ အစကတော့ သတိမထားမိဘူးပေါ့။ နောက်ငါထွက်သွားကာမှာနီးမှာ ကြည့်လိုက်တော့လေ ရှေ့နေကြီးရဲ့အကျီကိုခြုံအိပ်နေတာတော့။ ရှေ့နေ့ကြီးကလည်း သူ့ဆီကသွားပြန်မယူဘူး"
"တကယ်?"
"အေး တကယ်ပါဆို။ ငါကိုယ်တိုင်မြင်ခဲ့တာ"
သူတို့တွေမှာ ခေါင်းတွေထိတော့မတက် အတင်းပြောနေကြသည်။မော့ဟန်က သူတို့ပြောသမျှတိုင်းကို တံခါးနားတွင် တိတ်ဆိတ်စွာ ရပ်နေရင်းဖြင့် ကြားသွားသည်။ ထို့နောက် ထွက်သွားလေသည်။
တခြားသူတွေရဲ့စကားကို နားမထောင်ဖို့ လူတွေက ပြောတက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောသမျှက အလိမ်တွေ ဖြစ်သောကြောင့်ပင်။ သူတို့ထင်ရာမြင်ရာကို တစ်ဖက်သားကို ဂရုမစိုက်ဘဲ ပြောတက်ကြသည်။ သို့သော်လည်း အပြင်လူတွေက တကယ်ကြုံတွေ့နေရသည့်သူတွေထက် ပိုမြင်တက်ကြသည်လည်း ရှိတက်သည်။
မော့ဟန်က အပြင်လူတစ်ယောက်အနေဖြင့် တွေးရမလား ကိုယ့်နေရာကပဲ တွေးကြည့်ရမလား သူမသိသေးပေ။ သူသိသည်ကတော့ သူတို့လက်ရှိအခြေအနေကို သေချာစဉ်းစားဖို့ တည်ငြိမ်စွာပြန်နေဖို့ တစ်ယောက်တည်းနေချိန်လိုသေးသည်သာ ဖြစ်သည်။ သူဟာ ကျိုးကြောင်းစီလျှော်မှုရှိစွာဖြင့် တည်ငြိမ်နေမှ ဖြစ်သည်။ သူကသဝန်ကြောင်ကာ စိတ်ဆက်နေလို့ မရပေ။ ထို့ကြောင့် ရှုချင်းရီကို ရှောင်ကာနေခြင်း ဖြစ်သည်။
ရှုချင်းရီမှာလည်း အခုတလော ငြိမ်လို့သာ နေလေသည်။ မော့ဟန်က အိမ်ပြန်ရောက်လာတိုင်း ရှုချင်းရီမှာ အခန်းတံခါးပိတ်၍သာနေသည်။ သူတို့နှစ်ယောက်က အိမ်တွင် မပြောနိုင်မဆိုနိုင်ဖြစ်နေသည့်အထိလောက် မဟုတ်သော်လည်း သူတို့နှစ်ယောက်ကြားတွင် ကမ္ဘာခြားနေသလို မော့ဟန်က ခံစားနေရသည်။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...