Unicode Ver
၄၀။ အိပ်ရာပေါ်မှာအိပ်လိုက်
"ဘာအိပ်မက်မက်လို့လဲ?"
ရှုချင်းရီက မျက်နှာလေးကို လက်ဖြင့်ပွတ်ရင်း သူမအိပ်မက်ကို ပြန်တွေးကြည့်သည်။ သို့သော် သူမငိုရလောက်သည့်အထိ ဘာကိုမက်ခဲ့မှန်း သေချာသတိမရတော့ပေ။
"ညီမလေး. . .မသိတော့ဘူး. . .မှတ်မိတာဆိုလို့ . . .လက်ကိုဓားနဲ့မွှန်းခံရတယ်။ မှောင်မဲနေတာကို . . .ဆက်လျှောက်နေမိတယ်။ ပြီးတော့ . . .ညီမလေး . . .ဘာဖြစ်လို့ ငိုမိတာလဲ မသိတော့ဘူး။ တကယ် မသိတော့ဘူး. . ."
ရှုချင်းရီသိတာက သူမစိတ်ရှုပ်နေတာကိုပဲ။ သူမအိပ်မက်က ဝေဝါးနေသည်။ အိပ်မက်ထဲက နေရာကိုလည်း သူမမသိသလို သူမစိတ်ထဲတွင် အကူအညီမဲ့နေသည့် ခံစားချက်က တင်းကြပ်နေကာ မျက်ရည်တွေစီးကျလာပြီး သူမနိုးလာခြင်းဖြစ်သည်။
"ရေသွားခပ်ပေးမယ်"
မော့ဟန်က သူမ၏ ပင်ပန်းနေသည့် မျက်နှာလေးကို ကြည့်ကာ ပြောသည်။
မော့ဟန်ပြန်ရောက်လာသည့်အချိန်အထိ ရှုချင်းရီသည် ခုနကနိုးလာသည့်ပုံအတိုင်းပင် ဖြစ်သည်။ သူမက ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဖက်ကိုပိုက်ကာ ထိုပေါ်တွင် ခေါင်းလေးကို မှီထားသည်။ သူမက အသက်မဲ့နေသည့်ရုပ်ကလေးဖြင့် တစ်ခုခုကို တွေးနေပုံရသည်။
"ထပ်တွေးမနေနဲ့တော့။ အိပ်မက်ဆိုးတစ်ခုပါပဲ"
မော့ဟန်က သူမဆီလျှောက်သွားကာ ရေခွက်ကို ကမ်းလိုက်ရင်းပြောသည်။
"ကိုကြီး . . .ညီမလေး . . .တစ်ယောက်ယောက်ကို သတ်ခဲ့တယ်လို့ ထင်လား?"
ရှုချင်းရီက ရုတ်တရပ်မေးလိုက်သည်။ သူမအတွေးတွေက အိပ်မက်ထဲက သူမကိုယ်သူမ ဇဝေဇဝါဖြစ်နေသည်။
မော့ဟန်က တုံ့ဆိုင်းသွားသော်လည်း သူမကို ပြုံးပြလိုက်ကာ
"ဘာတွေထင်နေတာလဲ? လျှောက်ပြောမနေနဲ့တော့။ ရေအရင်သောက်လိုက်။ ပြီးရင် ခြေလက်မျက်နှာသစ်ပြီး ပြန်အိပ်ချေ"
"ညီမလေး . . .တကယ် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးလား?"
ရှုချင်းရီက မော့ဟန်ကို အတည်ပေါက်ကြီး မေးသည်။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...