181

2.9K 293 0
                                    

Unicode Ver

၁၈၁။ မူးခြင်း

စာချုပ်ကိစ္စသည် သူထင်သည်ထက် ပို၍ချောမွေ့စွာ ပြီးဆုံးသွားသည်။ သူသည် သူ့ရုံးကလူအချို့နှင့် နိုင်ငံခြားသို့သွားရကာ လုပ်စရာရှိသည်များကို လုပ်ရသည်။ တစ်ပတ်အတွင်းတွင် စာချုပ်မှာချုပ်၍ ပြီးဆုံးသွားသည်။

သူမမျှော်လင့်ခဲ့မိသည်က သူပြန်ရောက်သည့်အခါ ရှုချင်းရီသည် လေဆိပ်တွင် သူ့အားလက်ပြကာ စောင့်ကြိုနေခြင်း ဖြစ်သည်။ မော့ဟန်မှာ ရှုချင်းရီဆီသို့ ခပ်သုတ်သုတ်လျှောက်လာသည်။

"ဘာလာလုပ်တာလဲ?"

"လာကြိုတာလေ"
ရှုချင်းရီက ရယ်ပြောသည်။

မော့ဟန်နှင့်အတူပါလာသည့် အခြားရှေ့နေများသည် မော့ဟန်၏ညီမကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့ရှေ့တွင် မိန်းကလေးတစ်ယောက်က ဒီလိုလှပစွာ သူတို့ဆီကို ပြုံးလာပြီး မော့ဟန်ကိုပဲ ကြည့်နေသည့်အခါ အံ့သြသွားသည်။

ထို့ကြောင့် မော့ဟန်က သူတို့အား မိတ်ဆက်ပေးလိုက်သည်။
"ဒါကညီမလေးပါ"

"ဪ မင်းတို့ရုံးကလူတွေ ပြောနေကြတဲ့ မင်းညီမလေးလား? ကြားဖူးနေတာကြာပင်မယ့် အခုမှပဲ မြင်ဖူးတော့တယ်!"

ရှုချင်းရီက သူတို့ကိုကြည့်ကာ
"မဂ်လာပါ"

မော့ဟန်က
"လေယာဉ်ဆိုက်မယ့်အချိန်ကို ဘယ်လိုလုပ်သိတာလဲ"

လျူဇီယွမ်ကို မေးကြည့်လိုက်တာလေ
"ဘယ်အချိန်ကတည်းက စောင့်နေတာလဲ?"

"အာ. . .သိပ်မကြာသေးပါဘူး။ ခနပဲ စောင့်လိုက်ရတာပါ"

ရှုချင်းရီက
"ရုံးကိုလိုက်လာလို့ရမလား? အတန်းချိန်ကလည်း ပြီးသွားတော့ ပျင်းနေတာ"

မော့ဟန်၏ဘေးက ရှေ့နေများသည် သူတို့နှစ်ယောက် စကားပြောနေကြသည်ကို ကြည့်ရင်း ပြုံးနေမိသည်။

မော့ဟန်က
"အလုပ်မှာ မရှုပ်ရဘူး ပြဿနာမရှာရဘူး ဆိုတာကို အရင်လို လိုက်နာရင် ရတယ်"

"အင်းပါ. . .ဟုတ်ပါပြီ. . .သိပါတယ်ရှင့်"
ရှုချင်းရီက ပြန်ပြောသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now