Unicode Ver
၁၀၈။ လက်ဆောင်
သူက အနေရခက်သွားသောကြောင့် အကြည့်ကိုအရင်လွှဲလိုက်ကာ ဘာပြောရမှန်းမသိပေ။ ရှုချင်းရီကတော့ အိပ်ချင်နေသေးသောကြောင့် မျက်လုံးပြန်မှိတ်သွားပြီးမှ ပြန်ဖွင့်လာကာ ပြောသည်။
"ဗိုက်ဆာတယ် ကိုကြီး"မော့ဟန်က ရှုချင်းရီ၏ မျက်လုံးပွင့်လာသည်နှင့် စားဖို့ပဲတွေးနေခြင်းကို စိတ်တိုသွားသည်။ ရှုချင်းရီကိုင်ထားသည့် သူ့လက်ကိုလှုပ်လိုက်ကာ
"လွှတ်လိုက်။ မနက်စာသွားပြင်မလို့"ရှုချင်းရီက ခေါင်းငြိမ့်ကာ လက်ကိုလွှတ်ပေးသည်။ ထို့နောက်တွင်တော့ တဖက်သို့လှည့်သွားကာ ပြန်အိပ်ဖို့လုပ်တော့သည်။
"၇နာရီခွဲနေပြီ။ ထတော့"
မော့ဟန်က အိပ်ရာဘေးတွင် ထိုင်နေရင်းမှ ရှုချင်းရီတစ်ညလုံးကိုင်ထားသဖြင့် ထုံကျင်နေသည့် လက်ကို ခါရင်းပြောသည်။သူမဆီကတော့ ဘာအသံမှ ပြန်ထွက်မလာချေ။
"ကျောင်းသွားဦးမှာလား? ကျောင်းမှာ စာလုပ်စရာရှိလား?"
မော့ဟန်က အိပ်ရာမှထကာ သူ့အဝတ်အစားများကို ဖြန့်ရင်းဖြင့် သူ့အားကျောပေးကာ ဆက်လှဲနေသည့် ရှုချင်းရီကို မေးလိုက်သည်။ထိုသို့မေးကာမှ သူမကဖြည်းဖြည်းချင်း ထထိုင်လေသည်။ သူမ၏မျက်လုံးကို မှိတ်ထားဆဲဖြစ်ကာ ဆံပင်နှင့် အဝတ်အစားများက ရှုပ်ပွနေသည်။ ထို့နောက်တွင်က ကုတင်ပေါ်က ထလာလေသည်။
မော့ဟန်က ရေချိုးခန်းထဲမှ ထွက်လာပြီး သူ့အခန်းသို့သွားစဉ် ရှုချင်းရီ အခန်းထဲသို့ တစ်ချက်ကြည့်လိုက်သည်။ သူမက အိပ်ချင်မူးတူးဖြင့် ကုတင်ဘေးတွင် ရပ်နေသည်မှာ နောက်ပြန်လဲကျတော့မလို ဖြစ်နေသောကြောင့် မော့ဟန်က လဲမကျခင် အမြန်သွားကူလိုက်ရသည်။
ရှုချင်းရီက သူမ၏မျက်လုံးများကို မနည်းအားယူဖွင့်ကာ မော့ဟန်အား သနားစဖွယ်
"အိပ်ရာက မထနိုင်ဘူး။ အရမ်း. . .အိပ်ချင်တယ်"မော့ဟန်က သူမဘေးကနေ ကူထိန်းပေးနေရင်းက
"ဒီနေ့က ပိတ်ရက်ဆိုတော့ ဘတ်စ်ကားစီးရင် လူကြပ်လိမ့်မယ်။ မစီးချင်ရင် ငါကားနဲ့လိုက်ခဲ့။ ဒါပင်မယ့် အမြန်လုပ် ၈နာရီနောက်အကျဆုံးသွားမယ်"
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...