74

4K 568 13
                                    

Unicode Ver

၇၄။ အိပ်ရာပေါ်သို့ ပစ်တင်ခြင်း

"အိပ်ရာပေါ်မှာ တကယ် မအိပ်နိုင်ဘူးလား?"
မော့ဟန်က အသက်ဝဝရှုပြီးသည့်အခါ မေးလိုက်သည်။

"တကယ်အိပ်မရတာ။ အိပ်ပျော်ခဲ့ရင်တောင် အိပ်မက်ဆိုးတွေ မက်နေမှာ"
ဒီလိုပြောပြီးသည့်အခါရှုချင်းရီ၏မျက်နှာတွင် ဝမ်းနည်းမှုက ပေါ်လာသည်။ သူမက မော့ဟန်ကို သူမခနခနမက်နေသည့် အိပ်မက်ဆိုးတွေအကြောင်း မပြောဖြစ်ပေ။

"ဒါပင်မယ့် အခုကစပြီး မင်းအိပ်ရာပေါ်မှာပဲ အိပ်ရမယ်"
ရှုချင်းရီကို မော့ဟန်က တည့်တည့်ကြည့်ကာ ရုပ်တည်ကြီးဖြင့် ပြောသည်။

မော့ဟန်၏သူမကို ကြည့်လိုက်သည့်အကြည့်ကြောင့် ရှုချင်းရီက ဘာကြောင့်မှန်းမသိ ကြက်သီးထလာသည်။
"ဘာလဲ?"

"အိပ်ရာပေါ်တက်"
မော့ဟန်က လွတ်နေသည့် အိပ်ရာကို ကြည့်သည်။

ရှုချင်းရီက အနည်းငယ်ကြောက်သွားသည်။
"ဘာလုပ်မလို့လဲ?"

"အိပ်ရာပေါ်မှ ဘာဖြစ်လို့ အိပ်သင့်သလဲဆိုတာကို နားလည်အောင် လုပ်မလို့"
မော့ဟန်၏ အကြည့်တွေမှာ အေးစက်သွားသည်။
"ရှန်ယို့ အရင်ထွက်သွား။ သူအိပ်ပါစေ"

ရှန်ယို့က ဘာတွေဖြစ်နေလဲ ဆိုသည်ကို နားမလည်နိုင်သော်လည်း ကောင်းတာမဟုတ်ဆိုသည်ကိုတော့ သူမပြောနိုင်သည်။ သူမက မော့ဟန်ကို သွားတွဲကာ ခပ်ဖွဖွဆွဲရင်း
'ကြမ်းပြင်ပေါ်မှာ အိပ်တက်တဲ့ အကျင့်ကို ပြင်ဖို့ဆိုတာက ခက်ပါတယ်။ ဘာဖြစ်လို့ နင်သူ့ကို တွန်းအားပေးပြီး ပြောင်းဖို့ပြင်နေတာလဲ?"

မော့ဟန်၏သဘောထားမှာ ခိုင်မာလွန်းသည်။
"မဟုတ်ဘူး။ သူအိပ်ရာပေါ်မှာ ဘယ်လိုအိပ်ရမလဲဆိုတာ သင်ယူရမယ်"

ရှုချင်းရီက ထပြေးချင်နေသောကြောင့် ရပ်လိုက်သည်။ သူမကိုယ်တိုင်လည်း ကောင်းတာတော့ ဖြစ်မည်မဟုတ်ဟု ခံစားရသည်။ ဒါပင်မယ့် သူမထလိုက်ရုံပဲရှိသေးသည်။ မော့ဟန်က သူမခါးကနေ ဆွဲဖက်ကာ အိပ်ရာပေါ်သို့ ပစ်တင်လိုက်သည်။ ရှုချင်းရီက မော့ဟန်ကို ကြောက်လန့်တကြား သူမလက်နှစ်ဖက်ဖြင့် တွန်းထုတ်နေသည်။ သူမက ထွက်သွားချင်နေပြီ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now