134

3.3K 371 4
                                    

Unicode Ver

၁၃၄။ ညီမလေးက ညစ်ပတ်နေပြီ

"လျှောက်မသွားပါနဲ့ နားနေပါလို့ ငါမှာခဲ့တယ်မလား? အပြင်မှာ ဘာလုပ်နေတာလဲ?"
မော့ဟန်က ဘယ်အချိန်ကတည်းက သူမ၏အနောက်တွင် ရပ်နေခဲ့သလဲဆိုသည်ကို သူမမသိပေ။

"ဟင်?"
ရှုချင်းရီက ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

"ဒီမှာဘာလုပ်နေတာလဲ? ကုတင်ပေါ်က ဘယ်သူကထလာခိုင်းလို့လဲ?"
မော့ဟန်က မျက်နှာမကောင်းပေ။

ရှုချင်းရီက မော့ဟန်ကို ခနပဲလှည့်ကြည့်ပြီးနောက် မျက်နှာငယ်လေးဖြင့် မှန်ကိုသာ စိုက်ကြည့်ရင်း ဘာစကားမှ ပြန်မပြောတော့ပေ။

မော့ဟန်က ရှုချင်းရီမှာ မှန်ကိုပဲ စိုက်ကြည့်နေသောကြောင့် သူမဘာဖြစ်နေသလဲကို နားလည်သွားကာ လေသံက ပျော့သွားသည်။
"ထပ်ကြည့်မနေနဲ့တော့။ အပြင်မှာအေးတယ်။ အထဲပြန်ဝင်ကြမယ်လာ"

မော့ဟန်က သူမအား အားသုံးကာ အတင်းပြန်ဆွဲခေါ်လိုက်သည်။ ရှုချင်းရီက နာခံစွာဖြင့် ခေါင်းလေးငုံကာ ပြန်လိုက်လာသည်။

"ညီမလေးကို ပုဝါဝယ်ပေးပါဦး"
ရှုချင်းရီက အသံပျော့ပျော့လေးဖြင့် ပြောသည်။

"အင်း"

"လည်ပင်းကဟာတွေကို မြင်ရတယ်. . .ညီမလေးက ရွံဖို့ကောင်းနေသလိုပဲ. . ."
ရှုချင်းရီက ခေါင်းငိုက်စိုက်ကာဖြင့် ထပ်ပြောသည်။

မော့ဟန်က လမ်းလျှောက်နေခြင်းကိုရပ်ကာ
"ဒီလိုလုပ်သွားတဲ့သူတွေက ရွံ့ဖို့ကောင်းတာ။ ညီမလေးက မဟုတ်ပါဘူး"

"ရေချိုးချင်တယ်။ ညီမလေးကိုယ်က ညစ်ပတ်နေပြီ"
ရှုချင်းရီက ညစ်ပတ်နေပြီဆိုသည့်စကားကို အံကြိတ်ကာ ပြောသည်။

"ကိုယ်ပေါ်က ဒဏ်ရာတွေက မကျက်သေးဘူးလေ"

"ရေချိုးချင်တယ်"

"မရဘူး"

"ရေချိုးချင်ပါတယ်ဆို!"

"ငါလည်းမရဘူးလို့ ပြောနေတယ်!"

ရှုချင်းရီက မော့ဟန်လက်ကို ပုတ်ထုတ်လိုက်ကာ
"ထွက်သွား! ကိုယ့်ဟာကိုယ်ပြန်မယ်!"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now