Unicode Ver
၃၇။ ပုံမှန်ဝတ်ထားလည်းခန့်ညားဆဲ
ရှုချင်းရီက ရုံးခန်းထဲသို့ဝင်လာသည့်အခါ မော့ဟန်ကို နှုတ်ဆက်လိုက်သည်။ မော့ဟန်က အလုပ်လုပ်နေရင်းကနေ မော့ကြည့်ကာ သူမကို ခေါင်းဆတ်ပြပြီးနောက် အလုပ်ပြန်ဆက်လုပ်နေသည်။
မော့ဟန်က သူမကို အာရုံမရှိသောအခါ ရှုချင်းရီက နှုတ်ခမ်းလေးဆူသွားသည်။ ရုံးခန်းထဲတွင် ခနတဖြုတ် လျှောက်ပတ်ကြည့်ပြီးသည့်အခါ ကြုံရာစာအုပ်တစ်အုပ်ကောက်ဆွဲကာ စာထိုင်ဖတ်နေတော့သည်။ သို့သော် သနားဖို့ကောင်းသည်မှာ မော့ဟန်၏ စာအုပ်တိုင်းသည် ဥပဒေစာအုပ်များဖြစ်နေသည်။ သိပ်မကြာခင်တွင်ပဲ သူမမျက်ခွံများလေးလံလာကာ အိပ်ချင်စိတ်က ကြီးစိုးလာသည်။ ထို့ကြောင့် စာအုပ်ကိုပိတ်ကာ မော့ဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် အညောင်းအညာပြေ လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုရန် အပြင်သို့ ထွက်သွားသည်။
မော့ဟန်၏အကူဖြစ်သော လီကျင်းသည် ရှုချင်းရီထွက်လာသည်ကို မြင်သောအခါ ချက်ချင်းမတ်တပ်ရပ်ကာ မေးသည်။
"ဘာကူညီပေးရမလဲ"
ရှုချင်းရီက လန့်သွားကာ
"ဘာမှမဟုတ်ပါဘူးရှင့်။ အထဲမှာ နည်းနည်းမွန်းကြပ်လာလို့ အပြင်ကို ခနထွက်လာတာ"
"ရေသောက်မလား? တခြားတစ်ခုခုသောက်ချင်လား?"
"ရပါတယ်။ ညီမလေးမဆာသေးပါဘူး"
ရှုချင်းရီက မော့ဟန်အခန်းဘက်ကို လက်ညှိုးထိုးပြကာ
"ကိုကြီးက ပုံမှန်ဆိုရင် ဒီလိုပဲလား?"
"ဒီလိုဆိုတာက?"
လီကျင်းက ရှုချင်းရီမေးချင်သည်ကို နားမလည်လေဘူး။
"အမြဲတမ်းအလုပ်ပဲ လုပ်နေပြီး စကားလည်း မပြောဘူးလား?"
လီကျင်းက ရယ်ကာ သူမမျက်လုံးထဲတွင် အထင်ကြီးလေးစားစိတ်ပြည့်လျှံနေကာ ပြောပြသည်။
"အမဒီlaw firmကိုရောက်ကတည်းက ရှေ့နေကြီးက ဒီလိုပဲ။ ရှေ့နေကြီးက အလုပ်လုပ်နေပြီဆိုရင် သတိရှိရှိနဲ့ အရမ်းကို တိကျတာ။ စကားနည်းတဲ့သူဆိုပင်မယ့်လည်း တရားရုံးမှာ တစ်ဖက်ရှေ့နေကို ပြန်မချေပတက်အောင် ပြောတက်လွန်းတယ်။ အဲ့ဒါကြောင့်လည်း ဒီမြို့မှာ နာမည်ကြီးနေတာပေါ့။ စီးပွားရေးပြဿနာတက်ပြီဆိုရင် တို့ရှေ့နေကြီးကိုပဲ အမြဲလာရှာကြတာသလား"
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...