84

4K 567 13
                                    

Unicode Ver

၈၄။ မေ့မြောခြင်း

ရှုချင်းရီက မော့ဟန်ကို သူမ၏အားကုန်သုံးကာ ထူပေးလိုက်သည်။ သူ့ဗိုက်ကို ကာထားသည်ကို မြင်သောအခါ မေးသည်။
"ဗိုက်အောင့်နေတာလား?"

မော့ဟန်က ခေါင်းငြိမ့်သည်။

"ဆေးရုံကို သွားရအောင်။ ကိုကြီးဒီလိုနေလို့မရဘူး။ အခု ညီမလေးတို့ ဆေးရုံသွားရအောင် . . .ဆေးရုံကို ပို့ရမယ်။ ဒါပင်မယ့် ကားမမောင်းတက်တော့ . . .အာ taxiတွေ အခုအပြင်မှာ ရှိသေးတာပဲ"
ရှုချင်းရီက အရမ်းကြောက်လန့်နေကာ ဟိုကြည့်ဒီကြည့်ဖြင့် ပျာယာနေလေပြီ။ သူမက အချိန်မရွေးငိုချတော့မည့်ပုံလေးဖြင့် ဖြစ်သည်။

မော့ဟန်က ပြောသည်။
"ကြောက်မနေနဲ့. . . ငါ့ကိုကားပါကင်ကို ပို့ပေး။ အဲ့ဒီကိုပို့ပေးမယ်။ ဆေးရုံကနေ ဆေးဝယ်ပေးခဲ့"

ရှုချင်းရီက အခုမော့ဟန် ဘယ်လောက်အထိ အားနည်းနေသလဲဆိုသည်ကို မြင်သောအခါ မျက်ရည်ဝဲစွာဖြင့်
"ဒါပင်မယ့် . . . ကိုကြီးက ဒီလိုအရမ်းနာနေတာလေ. . ."

"ရပါတယ်။ ငါအခုဆေးသောက်မလို့လုပ်နေတာ။ ပြီးတော့ အိပ်ရာပေါ်ကနေ မတော်တဆပြုတ်ကျသွားတာ"

ရှုချင်းရီက သူမညဝတ်အကျီကို လဲဖို့ကိုတောင် မေ့သွားကာ ရွေးချယ်စရာမရှိသည့်အတွက် မော့ဟန်အား ကူတွဲပေးကာ
"ဒါဆိုရင်လည်း မြန်မြန်သွားကြမယ်. . .မြန်မြန် ဆေးရုံကို သွားကြတာပေါ့"

မော့ဟန်က သူမအားမှီကာ ဖြည်းဖြည်းချင်းထသည်။ မော့ဟန်က အားနည်းနေသောကြောင့် ရှုချင်းရီက သူ့အားကုတ်အကျီကူညီကာ ဝတ်ပေးလိုက်သည်။ ထို့နောက် မော့ဟန်က ရှုချင်းရီကိုတွဲကာ ဓာတ်လှေကားမှတစ်ဆင့် ကားပါကင်သို့ သွားလိုက်သည်။

သူတို့နှစ်ယောက်က ကားထဲသို့ ခက်ခက်ခဲခဲသွားလိုက်ရသည်။ အခုအချိန်မှာ ၂နာရီထိုးနေပြီ ဖြစ်ပြီး လမ်းမပေါ်တွင် ဖြတ်သွားသည့်ကားမှာ တစ်စီးစနှစ်စီးစသာ ရှိတော့သည်။ ရှုချင်းရီက ဘေးတွင်ထိုင်လိုက်ကာ မော့ဟန်ကို အရိပ်အခြေကြည့်နေသည်။ မော့ဟန်က နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ သူ့မျက်နှာတွင် ချွေးများရွှဲနေပြီ ဖြစ်သည်။ ရှုချင်းရီကတော့ သေမတက်ကြောက်လန့်နေကာ မော့ဟန်ကို တချိန်လုံးကြည့်နေသည်။ မော့ဟန်က ရှုချင်းရီအား နှစ်သိမ့်ပေးနေရသည်။
"ရပါတယ်။ ငါတို့ရောက်တော့မှာပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now