186

2.8K 247 1
                                    

Unicode Ver

၁၈၆။ ငါ့နောက်ကိုလိုက်ခဲ့

စုန်ညန်မူလေးသည် ဘာကိုမှ မပြောခဲ့ပေ။ သူမကြားခဲ့သည်ကို မယုံနိုင်ဖြစ်စွာဖြင့် ထိုလူအား စိုက်ကြည့်နေခဲ့သည်။

“သဘောတူညီချက် အရင်လုပ်ရအောင်။ ပြန်ပို့စေချင်တော့ဆိုရင်တော့ အတိုးငွေကို ဒီနေ့တောင်းရလိမ့်မယ်။ ဒါပင်မယ့် ငါတို့အခြေအနေတို့ကို သဘောတူမယ်ဆိုရင် နင့်အဖေဆီက ငါတို့အတိုးမတောင်းတော့ဘူး။ တစ်ပတ်အတွင်းမှာ အရင်းပဲ ပြန်ဆပ်ခိုင်းမယ်။ နင်လုပ်ရမှာဆိုလို့ ငါပြောသမျှကို ခြွင်းချက်မရှိ နားထောင်ရုံပဲ”
သူကထပ်ပြောသည်။
“သေချာစဉ်းစား။ ငါ့နောက်ကိုလိုက်မယ်ဆိုရင်တော့ ပြန်လှည့်လို့ မရတော့ဘူး”

စုန်ညန်မူလေးက ခေါင်းငြိမ့်လိုက်သည့်အခါ တတိယသခင်လေးသည် သူမအား ပြုံးပြသည်။ ထိုအပြုံးကို သူမဘယ်လိုဖော်ပြရမှန်း မသိပေ။ ထိုအပြုံးသည် နတ်ဆိုးတစ်ကောင်၏ အပြုံးလိုမျိုး  သူမ၏ရင်ထဲတွင် ကြောက်လန့်နေခဲ့ရသည်။ ထိုအပြုံးသည် ငရဲသို့ခေါ်သွားမည့် ကြောက်စရာအပြုံးဖြစ်သည်။

တတိယသခင်လေးသည် အကျီချွတ်လိုက်ကာ ထရပ်လိုက်သည်။ သူသည် စုန်ညန်မူလေးကို ငုံကြည့်ကာ ပြောသည်။
“ဒါဆိုရင်. . .ပထမဆုံး သင်ခန်းစာ အခုစပေးတာပေါ့”

သူက စုန်ညန်မူလေး၏ဗိုက်ကို ပိတ်ကန်လိုက်သဖြင့် သူမသည် စားပွဲခုံခြေထောက်နှင့် စောင့်မိသွားသည်။ သူမဗိုက်ထဲတွင် နာကျင်နေသော်လည်း ထိုလူက သူမအား ကြက်ပေါက်လေးတစ်ကောင်လို မလိုက်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“ဒီပထမဆုံးရှင်သန်ရမယ့် သင်ခန်းစာပြီးရင် ငါ့ကိုတိုက်လို့ရပြီ။ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို ငါနင့်ကို သင်ပေးမယ်”
“၁၈နှစ်ပြည့်တဲ့အထိ ရှင်သန်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ရတာပဲ”
ထိုလူက သူမာအါး ထပ်ကန်ပြန်သည်။ သူမသည် ကြမ်းပြင်ပေါ်တွင် လိမ့်သွားကာ သွေးတစ်ပွက်အန်လိုက်သည်။

သူမသည် သေတော့မည်ဟု ခံစားလိုက်ရသည်။ မဟုတ်ရင် ဘာဖြစ်လို့ သူမဒီလောက် အသက်ရှုရကြပ်နေမလဲ? သူမသည် သွေးများကို အန်နေခဲ့သည်။ သူမသည် ခေါင်းကိုတောင် ကာဖို့အင်အား မရှိတော့ဘဲ ပုစွန်တုပ်လေးလို ကြမ်းပြင်ပေါ်တွင် ကွေးနေခဲ့ရသည်။ သူမအန်နေသည့် သွေးများကြောင့် သူမ၏ဂါဝန်အဖြူလေးသည်လည်း ပေပွနေခဲ့သည်။ သူမသည် ပြန်မနိုးလာနိုင်တော့ဘူးဟုထင်ကာ သတိမေ့သွားခဲ့တော့သည်။

သို့သော်လည်း သူမသည် ရှင်နေခဲ့သည်။ သူမသည် မှောင်မဲနေသည့်အခန်းထဲတွင် ရေခဲလိုအေးစက်သည့် ကြမ်းပြင်မှာ လဲနေခဲ့သည်။ သူမ၏ဒဏ်ရာများကို ပတ်တီးဖြင့် စီးနှောင်ထားပြီ ဖြစ်သော်လည်း သူမသည် နာကျင်နေခဲ့သည်။ ဤသို့ဖြင့် သူမသည် စုန်ညန်မူမဟုတ်တော့ဘဲ လီနာဖြစ်လာခဲ့ရသည်။

သူမသည် နာကျင်စွာ တိုက်ခိုက်ခံရရင်းဖြင့်သာ အချိန်တွေကို ကုန်လွန်ခဲ့သည်။ တတိယသခင်လေးက သူမကို တိုက်ခိုက်လေ့ရှိသော်လည်း တစ်ခါတစ်လေတွင် အခြားသူများက သူမအား တိုက်ခိုက်ကြသည်။ သူမက သူတို့ကို ပြန်မတိုက်မချင်း တိုက်ခိုက်ကြသလို ပြန်တိုက်ခိုက်ရင်လည်း သူမသည် အားပျော့သေးသဖြင့် ရှုံးနိမ့်သွားခြင်းက များသည်။

၂နှစ်ကုန်သွားသည့်အခါ သူမ၏အကြည့်များသည် စူးရှလာခဲ့သလို ယောက်ျားတစ်ယောက်၏ ပုခုံးလောက်တောင် အရပ်မရှိသေးသည့် ၁၃နှစ်အရွယ်ကောင်မလေးသည် ဘယ်လိုတိုက်ခိုက်ရမလဲကို သိလာကာ ပြန်တိုက်ခိုက်တက်သွားပြီ။

ဖြည်းဖြည်းချင်း သူမသည် အထိုးခံအရိုက်ခံရသည်က နည်းလာသည်။ နောက်ဆုံးတွင်တော့ သူမသည် တတိယသခင်လေး၏ ဗိုက်ကိုထိုးလိုက်ကာ နာသွားစေသည့်အထိ ဖြစ်သွားခဲ့သည်။ ထိုအခါမှသာ သူမသည် ရှင်သန်နိုင်တော့သည်။
“ဂုဏ်ယူပါတယ်။ အခုဒုတိယအရည်အချင်းကို သင်ယူလို့ရပြီ။ နောက်ဆိုရင် ဒါကိုပဲလေ့လာတော့”
ထိုသို့ပြောပြီးနောက် တတိယသခင်လေးသည် ထွက်သွားသည်။

ထို့နောက်တွင်တော့ သူမသည် တတိယသခင်လေး၏ ညာဘက်တွင် ရပ်ရတော့သည်။

ဒုတိယအရည်အချင်းမှာ လူမျိုးစုံ၏အရှေ့တွင် မတူညီသည့် အသွင်အပြင်ကို ဘယ်လိုထိန်းသိမ်းရမလဲ ဖြစ်သည်။ အသက် ၁၄နှစ်အရွယ် သူမသည် မိန်းကလေးတစ်ယောက်၏ အသွင်အပြင်များ ဖွံ့ဖြိုးလာပြီဖြစ်သည်။ တတိယသခင်လေးက သူမအတွက် အသုံးအဆောင်မျိုးစုံကို ဝယ်ပေးကာ အိမ်ကြီးတစ်လုံးသို့ ပြောင်းပေးသည်။ တတိယသခင်လေးက သူမအား စန္ဒယားတီးသင်စေသလို ပန်းချီလည်း ဆရာများဌားကာ သင်ကြားစေသည်။ ထို့ကြောင့် သူမကို သူဌေးသမီးလေးလိုမျိုး ပြုစုပေးနေသလားဟုတောင် ထင်ခဲ့သည့်အချိန်များ ရှိခဲ့လေသည်။

သို့သော်လည်း သူဌေးသမီးလေးကတော့ ကလပ်သို့ ခေါ်သွားခံရမှာ မဟုတ်သလို အရက်အတင်းသောက်စေရမှာ မဟုတ်ပေ။ ဘေးနားက လူများက သူမအား
“ကောင်မလေးက တကယ်လှတာပဲ”
သူမသည် ရွံရှာခြင်းကို သည်းခံကာ သူမ၏ကိုယ်ကို ကိုင်တွယ်နေကြခြင်းကိုခံခဲ့ရသည်။

သူသည် ပွဲမျိုးစုံကို တက်ရကာ လူတို့၏အပြုံးမျိုးစုံကို လေ့လာခဲ့ရသည်။ ဝိုင်ခွက်တွေ ကိုင်ထားသည့် လူဝကြီးတွေအကြားတွင် ထိုလူတို့အား အကောင်းရှာကြံပြောရကာ လျို့ဝှက်ချက်များကို နှိုက်ထုတ်ခဲ့ရသည်။

သူမ၏အသက်က တဖြည်းဖြည်းချင်း ကြီးလာခဲ့သည်။ ဖြူစင်ရိုးသားသည့်အပြုံးကို ဟန်ဆောင်တပ်ဆင်ထားသည့် သူမသည် ဆွဲဆောင်အား ပိုပြင်းလာကာ မှောင်မိုက်သည့်နေရာများတွင် သူမ၏ကိုယ်အား ထိကိုင်စေခဲ့ရသည်။ သူမသည် ထိုလူတို့က သူမအား စွဲလမ်းသွားကာ သူမဖြစ်စေချင်သလို သူတို့အားလုပ်ခိုင်းရန် ဒီလိုထောင်ဖမ်းခဲ့ရသည်။
ထိုလူများသည် အပြင်ပိုင်းတွင် သာမန်စီးပွားရေးသမားများသာ ဖြစ်ကြသော်လည်း မီးရောင်မှိန်မှိန်အောက်တွင်တော့ စရိုက်များပြောင်းသွားကြသည်။ သူတို့သည် မိန်းကလေးငယ်ငယ်လေးများကို သဘောကျကာ သူတို့တွင် မရှိတော့သည့် ငယ်ရွယ်မှုအငွေ့အသက်များကို ခံစားလိုကြသည်။

သူမသည် တတိယသခင်လေးအတွက် ထိုလူများကို ချုပ်ကိုင်ခဲ့ရသည်။ သို့သော်လည်း ထိုလူများကြောင့် သူမကိုယ်သူမစုတ်ဖြဲပစ်ချင်လာကာ ပြန်ရောက်တိုင်း ရေအကြာကြီးစိမ်ချိုးခဲ့ရသည်။

တတိယသခင်လေးကတော့ ပြောပါသည်။
“နင့်ခန္ဓာကိုယ်ကို သူတို့ထိကိုင်မနေဘဲ နင့်စကားကို နားထောင်နိုင်အောင် လုပ်တက်ရင် လုပ်လို့ရတယ်။ သူတို့မသေရင် ပြီးတာပဲ”

ထို့နောက် သူမကိုယ်အား ထိကိုင်ခွင့်မပြုတော့ပေ။ သူမသည် အမှုအယာအပိုင်းတွင် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားကာ သူမ၏အပြုံးအောက်တွင် ထိုလူတို့က သူမဖြစ်စေချင်သလို လုပ်ပေးကြတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ တတိယသခင်လေးတွင် လူတိုင်းအား အပြုံးတစ်ခုတည်းဖြင့် ဖမ်းစားနိုင်သည့် နူးညံ့သည့်အလှလေးရှိသည်ဟု လူသိများလာကြသည်။ သို့သော်လည်း ဘယ်သူကမှ သူမကို မထိရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် တတိယသခင်လေး၏အပိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဒီလိုမဟုတ်သည်ကို သူမတော့ သေချာသိလေသည်။ သူမသည် တတိယသခင်လေးနှင့် စကားပြောရချိန်တောင် သိပ်မရှိပေ။ သူတို့နှစ်ယောက်တည်းရှိချိန်တိုင်းတွင် သူမသည် အမြဲတမ်းခေါင်းငုံနေရကာ တတိယသခင်လေးကတော့ သူမအား တာဝန်များကို ညွှန်ကြားလေ့ရှိသည်။

သူမသည် အသက်၁၅နှစ်သို့ ရောက်လာသည့်အခါ အခြားမိန်းကလေးများသည် မိဘတို့ဆီမှ အဝတ်လှလှလေးများကို ပူဆာကာ ဝတ်ဆင်နေကြသော်လည်း သူမကတော့ လူရှေ့တွင် ရှက်ကိုးရှက်ကန်းပြုံးပြနေရခြင်းဖြင့် အသားကျသွားပြီ။ သို့သော်လည်း သူမသည် တိုက်ခိုက်ရသည့် အချိန်မျိုးတွင်တော့ မျက်တောင်တစ်ချက်မခတ်စတမ်း ရက်စက်လေသည်။ သူမသည် ထိုလူတို့၏ မျက်နှာများ ခရမ်းရောင်သမ်းလာ၍ သေမတက်ကြောက်သွားကာမှသာ လွှတ်ပေးလေ့ရှိသည်။

တတိယသခင်လေးကတော့ သူမသည် ပို၍ရက်စက်လာသည်ဟု နောက်တွင်ပြောသည်။ တတိယသခင်လေးသည် သူမထက် အသက်၁၁နှစ် ပိုကြီးသည်။ သူမသည် တတိယသခင်လေးအား ဘယ်တုန်းက ချစ်မိသွားမှန်း မသိသလို ဘာကြောင့်ချစ်မိသွားမှန်းလည်း သူမမသိတော့ပေ။ အချစ်က သူမအတွက် ရှင်းပြ၍မရသည့် ပုံမှန်မဟုတ်သည့်အရာ တစ်ခုပင်။ သူမကိုယ်သူမ ချစ်မိနေပြီကို သိသွားသော်လည်း တတိယသခင်လေးအား မျက်လုံးချင်းစုံ၍ မကြည့်ရဲပေ။ သူတို့အတူရှိသည့်အချိန်မျိုးတွင်လည်း သူမ၏ခံစားချက်များကို မသိရအောင် ခေါင်းကိုငုံကာ ချပေးသည့် တာဝန်ကိုသာ ကျေပွန်အောင် ဆောင်ရွက်သည်။

သူမသည် တတိယသခင်လေးက မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းတွဲနေသည်ကို မြင်ခဲ့ရသည်။ ထိုမိန်းမတို့နှင့် အတူအိပ်ရာဝင်သည့်အသံများကိုလည်း သူမကိုယ်တိုင် ကြားခဲ့ရပြီး မိန်းမတစ်ယောက်က သူ့ခြေထောက်နားတွင် ဒူးထောက်ကာ ငိုယိုရင်း တောင်းပန်နေသည့်တိုင်အောင် တတိယသခင်လေးက အေးဆေးစွာ ဆေးလိပ်ဖွာလျက်ရှိသည်ကို သူမကိုယ်တိုင်မြင်ဖူးခဲ့သည်။

ထို့နေ့ကစ၍ သူမ၏ခံစားချက်များကို တတိယသခင်လေးအား ပြောမပြတော့ဘဲ လုံးဝမသိအောင်သာနေရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏အချစ်များကို ရုတ်သိမ်းရန် ကြိုးစားခဲ့သည်။ သို့သော် မချစ်မိအောင် ကြိုးစားရခြင်းမှာ သူမအတွက် နာကျင်ရသည်။ သူမသည် ညပိုင်းများစွာ ကြမ်းပြင်တွင် ဒူးထောက်ရင်း ငိုကြွေးခဲ့ရသလို သူမကိုယ်သူမ ဘယ်လောက်သတိပေးနေပါစေ သူမသည် ဆက်ချစ်မြဲဖြစ်ခဲ့သည်။

ဒီလိုခံစားနေရသည့်အချိန်တွင် သူမသည် ရှောင်ယဲ့နှင့် တွေ့ဆုံခဲ့သည်။ သူမသည် ပြဿနာတစ်ခုကို ရှင်းပြီး၍ တတိယသခင်လေးအား သတင်းလာပို့ရာတွင် သွေးအိုင်ထဲလဲနေသည့် ထိုကောင်လေးကို သူမစတွေ့ခဲ့သည်။ ထိုကောင်လေးသည် သူမထက်၂နှစ်ငယ်သည့် ရှောင်ယဲ့ပင်။
“အကုန်လုံးကို ရှင်းပြီးပြီလား?”
တတိယသခင်လေးက သူမကိုမေးသည်။

သူမသည်ခေါင်းကိုငြိမ့်ကာ စာရွက်စာတမ်းများကို အပ်လိုက်သည်။
“သခင်လေး လိုချင်တဲ့ဟာတွေပါ”

တတိယသခင်လေးသည် ကြမ်းပြင်ပေါ်တွင် အသက်ရှုရခက်ခဲနေပြီး တုန်ရီစွာ ပြန်ထရန်လုပ်နေသည့် ကောင်လေးကို ဂရုမစိုက်ပေ။ သူမပေးသည့် စာရွက်စာတမ်းများကို သေချာဖတ်နေပြီး
“သေချာလုပ်ခဲ့တာပဲ”

လူတွေက ထိုကောင်လေး ထလာသည်ကို မြင်သည့်အခါ ထပ်ရိုက်နှက်ကြပြန်သည်။ တတိယသခင်လေးက ဘေးကနေ သူမအား ပြောပြသည်။
“ငါတို့လူတစ်ယောက်ကို သေအောင်ထိုးပစ်လိုက်တာ။ ဒုတိယသခင်လေးက သူ့ကိုမှတ်လိုက်အောင် သင်ခန်းစာပေးပြီး လက်ကိုဖြတ်ပစ်လို့ ပြောထားတယ်”

သူမသည် ခေါင်းကိုငုံထားကာ တတိယသခင်လေးက သူမအား စာရွက်စာတမ်းများကို သိမ်းရန် ပြန်ပေးလာသည့်အခါ အခန်းထဲက ထွက်သွားရန် လုပ်သည်။ သို့သော်လည်း ထိုကောင်လေး၏ တောက်ပသည့်အကြည့်များကို တွေ့သည့်အခါ သူမသည် နောက်ကိုပြန်လှည့်ကာ တတိယသခင်လေးအား
“ကျေးဇူးပြုပြီး သူ့လက်ကိုဖြတ်မပစ်ပါနဲ့”

ထိုကောင်လေးကို ရိုက်နေသည့်သူများက ရပ်တန့်သွားကာ သူမအား ကြည့်လာကြသည်။ တတိယသခင်လေးကလည်း သူမကိုကြည့်နေသည့်အခါ တစ်ခန်းလုံးတွင် ထိုကောင်လေး၏ အသက်ရှုသံပြင်းပြင်းမှလွဲ၍ တိတ်ဆိတ်သွားသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now