92

3.9K 530 9
                                    

Unicode Ver

၉၂။ မှီခိုစရာ

"တစ်ခုခုကို မှားပြောမိမှာကြောက်လို့ ဘာပြောရမလဲ မသိတော့ဘူး။ ဖက်ပဲထားချင်တယ်"
ရှုချင်းရီက ပြောသည်။

မော့ဟန်ကတော့ သူမဖက်ထားသောကြောင့် အံ့သြသွားသည်။ သူလက်တွေအား သူမ၏ပုခုံးပေါ်တင်လိုက်ကာ သူမကိုတွန်းဖယ်လိုက်ဖို့ ရည်ရွယ်ထားသော်လည်း စက္ကန့်တွေက တရွေ့ရွေ့ကုန်သွားသည့်တိုင် သူမလုပ်ခဲ့မိပေ။ သူဟာ သူ့လက်များကို ထိုနေရာတွင် ဆက်ထားဆဲဖြစ်သည်။ ပြန်ဖက်ထားသလိုမျိုးတောင် ဖြစ်သွားခဲ့သည်။

"ငါ့မိသားစုက မင်းအကြောင်းသိသွားရင် မင်းကိုကန်ထုတ်မှာကို စိုးရိမ်စရာမလိုဘူး။ စိတ်ပူမနေနဲ့ ငါ့မှာ မိသားစုမှ မရှိဘူး"
မော့ဟန်က သူ့၏ကူကယ်ရာမဲ့ ဖြစ်နေမှုအား အရိပ်အမြွက်ဆန်ဆန် သူမအား နူးညံ့စွာ ပြောလာသည်။

"ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုကြီးမှာ ညီမလေးရှိသေးတယ်လေ"
ရှုချင်းရီက ချိုသာစွာဖြင့် ပြန်ပြောသည်။ ရှုချင်းရီက မော့ဟန်ကို မော့ကြည့်သောအခါ မော့ဟန်ကလည်း သူမကိုငုံကြည့်နေခဲ့သည်။ သူတို့မျက်နှာများက နီးကပ်နေကာ ရှုချင်းရီမှာ မော့ဟန်၏ မေးပေါ်က သေချာရိတ်ထားသည့် မုတ်ဆိတ်မွှေးပါးပါးများကိုတောင် မြင်နေရပြီ။

မော့ဟန်က ရုတ်တရပ် ထူးဆန်းသလို ခံစားရသည်။ သူက အကြည့်ကိုအရင်လွှဲလိုက်ကာ သူတို့ကြားက အကွာအဝေးကို ပိုဝေးစေသည်။ သူက ရှုချင်းရီအား ခပ်ဖွဖွလေးတွန်းကာ သူမကိုပြုံးကြည့်ရင်း သူမဘာပြန်ပြောရမည်လဲ မသိတော့ပေ။

"နောက်ကျရင်လည်း နားထောင်ပေးပါ့မယ် ကိုကြီး"
ရှုချင်းရီက ပြောသည်။

မော့ဟန်က ပြုံးကာ သူမ၏ဆံပင်ကို ချစ်စနိုးဖြင့် ဖွလိုက်သည်။
"သွားအိပ်တော့"

ရှုချင်းရီက သူ့အားနောက်တစ်ခေါက် ထပ်မဖက်ခင် အကြာကြီးကြည့်နေခဲ့သေးသည်။ သူမက ဖက်လိုက်သည့်အချိန်တွင် သူ့နားအနားသို့ကပ်ကာ
"Goodnight"
ဟု ချိုသာစွာ ခပ်တိုးတိုးပြောသွားသည်။

သူမ၏အတွေးများကို မော့ဟန်သိလိမ့်မည်ဟု မျှော်လင့်လိုက်သည်။ သူ့ဘေးတွင် သူမက အမြဲတမ်းနီးပါး အတူရှိနေသော်လည်း သူ့အားဘာမှလုပ်မပေးနိုင်ပေ။ သူမလုပ်ပေးနိုင်သည်ဟူ၍ ဒီလိုဖက်ပေးနိုင်ခြင်းသာ ရှိသည်လေ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now