99

4K 514 23
                                    

Unicode Ver

၉၉။ ချောင်းကြည့်မိခြင်း

သူက လျှောက်သွားကာ ရှုချင်းရီ၏ စောင်ကို ခွာလိုက်ကာ သူမကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်နှာမှာ ပူထူသွားသည်။
'ရှုချင်းရီက ဘာဖြစ်လို့ ဘာကိုမှ ဝတ်မထားတာလဲ?'

မော့ဟန်က တစ်ချက်ကြည့်လိုက်မိသော်လည်း သူအကုန်နီးပါး မြင်လိုက်သည်။ သူမ၏ညာဘက်လက်ကို ခေါင်းပေါ်တင်ထားကာ သူမ၏ဆံပင်များက ရှုပ်ပွနေပြီး လှပသည့် မျက်နှာတစ်ဝက်ကို ဖုံးထားသည်။ ထိုအရာမှ လွဲရင် ကျန်မြင်ကွင်းများက သူ့မျက်နှာအား ပူထူလာစေသည်။
(🍯: အပေါ်ပိုင်းပဲမြင်တာနော်😆)

မော့ဟန်က သူမအား စောင်ပြန်ခြုံပေးလိုက်သည့်အချိန်တွင် ရှုချင်းရီမှာ နိုးလာသည်။ သူမက သူ့ကုတင်ဘေးတင်ရပ်နေသည့် မော့ဟန်အား အိပ်ချင်စုံမွှားဖြင့် ကြည့်လာသည်။ ရှုချင်းရီက အိပ်ရာနိုးသည့်အခါ ခေါင်းခဲနေသည်။ သူမက အရင်လိုပဲ မော့ဟန်က သူမအား လာနိုးသည်ဟု ထင်နေသည်။

"ဘယ်အချိန်ရှိပြီလဲ ကိုကြီး?"
ရှုချင်းရီက အိပ်ချင်မူးတူးဖြင့် မော့ဟန်အား မေးလာသည်။

မော့ဟန်က သူမအား ဖြတ်ခနဲပဲ လှည့်ကြည့်ကာ
"အိပ်ရာထသင့်ပြီ"

ရှုချင်းရီက 'အင်း'ဟု ပြောပြီးနောက် ဒီနေ့သူမအိပ်ရသည်မှာ အရင်နေ့များနှင့် မတူညီသလို ခံစားလိုက်ရသည်။ သူမဖြစ်နိုင်ချေများကိုတွေးရင်း ဟိုလှိမ့်ဒီလှိမ့် လုပ်နေသေးသည်။ နောက်မှ သူမစောင်အောက်ကို ကြည့်လိုက်သည့်အခါ သူမလန့်အော်မိလေပြီ။
'ငါဘာလို့ကိုယ်တီးလုံးဖြစ်နေတာလဲ?'

ရှုချင်းရီက စောင်ဖြင့် သူမကိုယ်အား သေချာခြုံလိုက်ပြီး မနေ့ညက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို တွေးကြည့်လိုက်သည်။ ကြောက်ဖို့ကောင်းသည်မှာ သူမဘာကိုမှ မမှတ်မိတော့ခြင်း ဖြစ်သည်။
'ကိုကြီးနဲ့ စားသောက်ဆိုင်မှာ မုန့်စားတယ်။ ပြီးတော့ရော? ပြီးတော့ ဘာတွေဆက်ဖြစ်ခဲ့တာလဲ?'

သူမ၏ဘေးတွင် ဘေးတစ်စောင်းရပ်နေသည့် မော့ဟန်အား သူမမေးလိုက်သည်။
"မနေ့ညက ညီမလေး ဘာတွေလုပ်ခဲ့တာလဲ?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now