Unicode Ver
၄၇။ အရည်အချင်းရှိသူ
"မနက်ကတစ်ယောက်ကလည်း ကျောင်းကတစ်ယောက်လိုပဲ သေသွားတာလား?"
"အင်း. . . နှစ်ယောက်လုံးက လည်ပင်းဖြတ်ခံရပြီးတော့ သွေးထွက်လွန်ပြီး သေသွားတာ"
"ပုံတွေကြည့်လို့ရမလား?"
ရှုချင်းရီက မေးလိုက်သည်။ကျန်းယန်က ခနတွေဝေသွားသော်လည်း ပုံတွေတွဲထားသည့် ဖိုင်ကို သူမအား ပြလိုက်သည်။
ရှုချင်းရီက ပုံတွေကို သေချာကြည့်လိုက်သည်။ အရင်အမှုလိုပဲ သွေးများက နေရာအနှံပင်။ လည်ပင်းကိုလည်း ဖြတ်ခံထားရသည်။ သေဆုံးသူ၏ အဝတ်များမှာ ပျက်စီးနေပြီး သူမအသက်ရှင်နေစဉ်တုန်းက စော်ကားခံထားရပုံရသည်။
"ပုံတွေကြောင့် လန့်မသွားဘူးလား?"
ကျန်းယန်က ရှုချင်းရီ၏ ပြောင်းလဲမသွားသည့် အမူအယာကို ကြည့်ရင်းမေးသည်။ ထိုကောင်မလေးက စိတ်ဝင်စားမှုအပြည့်ဖြင့် ပုံတွေကို သေချာကြည့်နေသည်။ ရဲဖြစ်နေသည်တောင် အခင်းပုံတွေကိုမြင်သောအခါ အဆင်မပြေဖြစ်သွားကြသည့်သူများ ရှိသောကြောင့် ဒီကောင်မလေးကို သူအံ့သြသွားသည်။ သူကိုယ်တိုင်လည်း လူသတ်မှုများကို စစုံစမ်းရသောအခါ ဒီလိုမြင်ကွင်းများနှင့် အသားကျဖို့ သူအချိန်အတော်ကြာကြာယူခဲ့ရသည်။ရှုချင်းရီက သူ့ကို ပြုံးကြည့်ကာ
"ဘာကြောက်စရာရှိလို့လဲ။ လူသေပဲဟာ"ကျန်းယန်က ပါးစပ်ပိတ်သွားသည်။ သူက ထိုကောင်မလေး ပုံတွေကို ထပ်ခါထပ်ခါလှန်ကြည့်နေသည်ကို ကြည့်နေသည်။ သူ့ဆရာပြောခဲ့သည့် ကြည့်လိုက်ရုံနဲ့တင် ဘာလုပ်ရမလဲဆိုတာသိတဲ့သူတွေရှိသည် ဆိုသည်ကို သူကြားယောင်လာသည်။ ဒီလိုလူတွေက သာမန်မဟုတ်သည့် အရည်အချင်းများကို ပြသနိုင်စွမ်းရှိသည်။ အခြားသူတွေမလုပ်နိုင်သည်များက ဒီလိုလူများအတွက်တော့ လုပ်နိုင်နေတက်သည်။
"ပုံကိုကြည့်ပြီး ဘာပြောနိုင်လဲ?"
ကျန်းယန်က မေးလိုက်သည်။ရှုချင်းရီက ပုံတွေကိုချလိုက်ကာ စားပွဲပေါ်က ကော်ဖီခွက်ကို ယူသောက်လိုက်ပြီးမှ ကျန်းယန်၏ စိတ်အားထက်သန်နေသည့် မျက်လုံးများကို စေ့စေ့ကြည့်ပြီး
"ဘာမှမတွေ့ဘူး"
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...