86

4K 591 7
                                    

Unicode Ver

၈၆။ တစ်ညလုံး အလုပ်ရှုပ်ခြင်း

သူနိုးလာသည့်အခါ သူ့ဗိုက်မှာ ထုံနေပြီး နည်းနည်းနာကျင်နေသည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင်နံရံများရှိနေပြီး သူ့ကိုယ်ပေါ်တွင် စောင်ဖြူတစ်ထည်လွှမ်းထားသည်။ လေထဲတွင် ပိုးသတ်ဆေးအနံ့ရှိနေသောကြောင့် ဒီနေရာမှာ ဆေးရုံမှန်း သူသိလိုက်သည်။

မော့ဟန်က မနေ့က ဘာဖြစ်ခဲ့သလဲဆိုသည်ကို ပြန်တွေးကြည့်လိုက်သည်။ သူနောက်ဆုံးမှတ်မိသည်မှာ သူ့ဗိုက်က အရမ်းနာလာသောကြောင့် ကားအား လမ်းဘေးသို့ ထိုးရပ်လိုက်သည်။ နောက်ပြီးတော့ရော? သူမှတ်မိသည်က ဝိုးတိုးဝါးတား အပိုင်းအစများသာ ဖြစ်သည်။ သူ့ကို တစ်စုံတစ်ယောက်က ဆွဲခေါ်သွားခဲ့သလို ခံစားမိသည်။ တစ်စုံတစ်ယောက်၏ အသက်ရှုသံပြင်းပြင်းကို သူကြားခဲ့ရသလိုပင်။ သူ့ခန္ဓာကိုယ်မှာ တစ်စုံတစ်ယောက်အား မှီထားရသည်။ ထိုတစ်စုံတစ်ယောက်၏ကိုယ်မှာ နူးညံ့ကာ နွေးထွေပြီး ပိန်ပိန်ပါးပါး သေးသေးလေး ဖြစ်သည်။
'ရှုချင်းရီလား? ငါမေ့သွားတုန်းက သူဘေးမှာ ရှိနေတာပဲ'

ထိုအချိန်တုန်းက သူမအရမ်းကြောက်နေခဲ့သည်။ သူဆေးရုံသို့ ကားမောင်းလာခဲ့စဉ်က ရှုချင်းရီမှာ မျက်မှောင်လေးကျုံလျက် စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုပဲတစ်ချိန်လုံး ကြည့်နေခဲ့သည်ကို သူရှင်းရှင်းလင်းလင်းမှတ်မိသည်။ အဲ့ဒီအချိန်တုန်းက သူမက အချိန်မရွေးငိုတော့မလို ဖြစ်သည်။

သူအတွေးများနေသည့်အချိန်တွင်ပဲ ပိုင်ယုက ရေနွေးအိုးဖြင့် ပြန်ရောက်လာသည်။
"နိုးလာပြီလား?"

ပိုင်ယုက ရေနွေးအိုးကို စားပွဲပေါ်တင်ပြီး မော့ဟန်၏ဘေးသို့ လာထိုင်သည်။
"မင်းတော်တော်ကြာမှ နိုးလာလိမ့်မယ်လို့ ငါထင်နေတာ"

"ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ?"
မော့ဟန်က မေးသည်။

ပိုင်ယုက သိချင်စိတ်အပြည့်မျက်နှာဖြင့် သူ့အားကြည့်ကာ
"မင်းပြောမှပဲ ငါလည်းမင်းကို မေးစရာရှိတယ်။ ငါ့ကိုဖုန်းဆက်တဲ့သူက မင်းညီမလား? ငါ့ဆိုင်မှာ မုန့်စားဖို့ခေါ်လာတဲ့ ကလေးမလေးမလား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now