42

5.1K 650 12
                                    

Unicode Ver

၄၂။ အကြောက်တရား

ရှုချင်းရီက မနေ့က law firmမှာ ကြားခဲ့တဲ့ အတင်းကြောင့် စိတ်လှုပ်ရှားမိသည်။ ထို့ကြောင့် မော့ဟန်ဘက်ကို လှည့်ကာ မေးလိုက်သည်။
"ကိုကြီးမှာ ကောင်မလေးရှိတယ်လို့ ဝန်ထမ်းတွေဆီက ကြားခဲ့တယ်။ ဘာဖြစ်လို့ ညီမလေးက အဲ့ဒီမကြီးနဲ့ မတွေ့ဘူးတာလဲ?"

မော့ဟန်က မျက်မှောင်ကြုံသွားကာ
"ဘယ်သူပြောလိုက်တာလဲ?"

"ဘယ်သူပြောလဲက အရေးကြီးတာမှ မဟုတ်တာ။ ယောင်းမလေးအကြောင်းကို ဘာဖြစ်လို့ မကြားဖူးရတာလဲလို့?"

မော့ဟန်မျက်နှာက အရေးကြီးတာ တစ်ခုခုကို တွေးနေသလိုမျိုး လေးနက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
"သူ့အကြောင်းက ပြောစရာ သိပ်မရှိပါဘူး။ သူကနိုင်ငံခြားမှာ နေတာ။ ပြီးတော့ နှစ်ယောက်လုံးကလည်း မအားကြလို့"

မော့ဟန်က သူ့ကောင်မလေး ရှန်ယို့အကြောင်းမပြောဖြစ်သည်မှာ လွန်ခဲ့သည့်တစ်လက သူတို့အတွဲမှာ မအားလပ်သည့် သူ့အလုပ်များနှင့် LDRSပြဿနာတက်ထားသောကြောင့် ဖြစ်သည်။ သူတို့အတက်အသွယ်မလုပ်ဖြစ်သည်မှာလည်း ကြာလှပြီ။ ပြီးတော့လည်း သူ့အလုပ်ကကိစ္စတွေနှင့် ရှုချင်းရီပေါ်လာခြင်းတို့ကြောင့် သူမကို တဖြည်းဖြည်းမေ့လျှော့နေပြီ။ ဒါကြောင့် ရှုချင်းရီသတိပေးကာမှ သူ့ကောင်မလေးကို သတိရသွားခြင်း ဖြစ်သည်။

"ဒါပင်မယ့်လည်း မအားရင်တောင်မှ ဖုန်းတစ်ချက်လောက်တော့ ခေါ်ဦးမှပေါ့။ အလုပ်ကိစ္စအပြင် ကိုကြီးတခြားသူကို ခေါ်တာလည်း မမြင်ဖူးဘူး။ အလုပ်ကြောင့်နဲ့တော့ မကြီးကိုပစ်မထားပါနဲ့"
ရှုချင်းရီက စိတ်ရှုပ်စွာပြောသည်။ သူမအကိုတွင် ချစ်သူရှိသည်ဟူ၍ အလုပ်ကဝန်ထမ်းတွေပြောမှ သူမသိရခြင်းဖြစ်သည်။ ဒီလူကြီးက တနေ့တာက အလုပ်ပြီးရင်အလုပ် ဖြစ်နေခဲ့သောကြောင့် သူမမသိခဲ့ခြင်းဖြစ်သည်။

ကားထဲတွင် တိတ်ဆိတ်သွားပြီးနောက် မော့ဟန်က အေးစက်နေသည့်လေသံဖြင့်
"ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ။ မင်းဟာမင်းသာ စိတ်ပူစမ်းပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now