90

4.2K 582 8
                                    

Unicode Ver

၉၀။ သူ့မိဘတွေ

"ပြန်ကြရအောင်"
မော့ဟန်က ပြောသည်။

ရှုချင်းရီက ခေါင်းငြိမ့်ကာ
"အင်း ပြန်ကြမယ်လေ"

မော့ဟန်က အရှေ့ကနေ လျှောက်သွားကာ ရှုချင်းရီက သူ့နောက်ကနေ ကပ်လိုက်ရင်းဖြင့်
"ဒီညကိုကြီးတစ်ယောက်တည်း အိပ်ရလိမ့်မယ်။ ကိုကြီးရဲ့ ဆေးရုံခန်းမှာ နေရာလွတ်မရှိဘူး။ ညီမလေးအိမ်ပြန်အိပ်လိုက်မယ်။ မနက်ဖြန် မနက်ကျမှ ပြန်လာခဲ့မယ်"

မော့ဟန်က လမ်းလျှောက်နေရာမှ ရပ်ကာ
"ဘာတွေပြောနေတာလဲ? အိမ်ကိုသာပြန်ကြရအောင်"

"ကိုကြီးဆေးရုံကနေ ဆင်းလို့မရသေးဘူးလေ"

"အခုဆေးရုံကနေဆင်းဖို့ သွားလုပ်လိုက်မယ်"

"ဒါပင်မယ့် ကိုကြီးမှ. . ."

"ငါနေကောင်းနေပါပြီ။ အိမ်မှာပြန်အိပ်တာက ပိုကောင်းတာမလို့ အိမ်ကိုအတူတူပြန်ကြရအောင်"

သူတို့နှစ်ယောက်က ဆေးရုံဆင်းရန် လိုအပ်သည်များကို ဖြည့်ပြီးသောအခါ သူတို့ပစ္စည်းများကိုသိမ်းပြီး အိမ်သို့ပြန်လာခဲ့ကြသည်။ သူတို့က တက်စီဌားကာသာ အိမ်သို့ပြန်လာကြသည်။ မော့ဟန်၏ကားမှာ ညလည်ခေါင်တွင် လမ်းမပေါ်မှာ အကြာကြီးရပ်ထားခဲ့သောကြောင့် ယာဉ်ထိန်းရဲစခန်းသို့ ဆွဲခေါ်သွားခံခဲ့ရသည်။

ရှုချင်းရီက အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်ကိုချွတ်ကာ ရေသွားချိုးဖို့ လုပ်နေသော်လည်း မော့ဟန်က သူမအား
"ငါပြောစရာရှိတယ်"

"ဘာပြောမလို့လဲ?"

မော့ဟန်က သူ့ပစ္စည်းများကို စားပွဲပေါ်တင်ပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ရင်း
"အရင်တုန်းက ပြောဖို့လုပ်ထားတဲ့ ကိစ္စပါ"

ရှုချင်းရီက ခနလောက်တွေးပြီးမှ သူတို့ရန်ဖြစ်ခဲ့တုန်းက မော့ဟန်မှာ ပြောစရာရှိခဲ့သည်ကို သတိရသွားသည်။ သူက သူမကို အသေးစိတ်ပြောပြရန် သင့်တော်သည့်အချိန်အား စောင့်နေခဲ့ခြင်းဖြစ်သည်။

"ဟိုတစ်ခေါက်တုန်းက ငါ့မိဘတွေနဲ့ ငါ့ရည်းစားဟောင်းကို မင်းအကြောင်း ဘာဖြစ်လို့ မပြောပြခဲ့တာလဲဆိုတာ ပြောပြမယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now