135

3.3K 338 1
                                    

Unicode Ver

၁၃၅။ စိတ်ခံစားချက်မဲ့

ရှုချင်းရီက ဆေးရုံအကြာကြီး မတက်ခဲ့ပေ။ ဆရာဝန်က ဆေးရုံတွင် ဆက်နေစေချင်သော်လည်း ရှုချင်းရီက သူမသက်သာနေသောကြောင့် အိမ်တွင်ပဲ နားနေမည်ဟု ခေါင်းမာခဲ့သည်။ မော့ဟန်ကလည်း ရှုချင်းရီက ဆေးရုံတွေနေရခြင်းနှင့် ဘာမှလုပ်စရာမရှိဖြစ်နေသည်တို့ကို မကြိုက်မှန်းသိသည်။

ဆေးရုံအခန်းကနေ ရှုချင်းရီသည် သူမဒဏ်ရာများ ကောင်းသွားသည့်အလား ပြေးမတက်ကို အမြန်လျှောက်ကာ ထွက်လာသည်။ မော့ဟန်ကလည်း သူမကို မတားပေ။ သူမဆေးရုံတွင် စိတ်ညစ်နေရမည်ထက်စာရင် သူမကို အိမ်မှာ စိတ်သက်သာစေချင်သည်လေ။

သူတို့အိမ်ပြန်ရောက်သည့်အခါ ရှုချင်းရီက သူမကုတင်ပေါ်တွင်ထိုင်ရင်း သူမအရှေ့မှာရပ်နေသည့် မော့ဟန်ကို မော့ကြည့်ကာ
"အလုပ်မသွားဘူးလား?"

"မသွားဘူး"

"ဘာဖြစ်လို့လဲ?"
ရှုချင်းရီက သူမဆေးရုံတက်ရကတည်းက မော့ဟန်မှာ သူမအနားတွင်ပဲ အမြဲတမ်းရှိနေသည်ကို နားမလည်နိုင်တော့ပေ။

"အလုပ်က အရေးကြီးဆုံးမလား? ညီမလေး နေမကောင်းလို့ ဆေးရုံတက်ရတုန်းကတော့ ထားပါတော့။ အခုဆေးရုံကတောင်ဆင်းလာပြီလေ။ အိမ်မှာ ဘာဖြစ်လို့နေမှာလဲ?"

"အခုတလော ရုံးမှာ အလုပ်မရှုပ်ဘူး"
မော့ဟန်က ရှုချင်းရီခေါက်ကာ ထည့်လာသည့် အဝတ်များကို ထုတ်ပေးရင်း ပြောသည်။

"ဟိုတလောကပဲ ရှုပ်တဲ့အမှုတစ်ခုလိုက်နေရတယ်ဆို?"

"တခြားရှေ့နေ့ကို လွှဲပေးလိုက်ပြီ။ သူက သေချာလိုက်နိုင်မှာပါ"
မော့ဟန်က ထိုကိစ္စများကို စိတ်မဝင်စားတော့ဘူးဆိုသည်မှာ သိသာလွန်းသည်။ သူက ပြတင်းပေါက်တံခါးဖွင့်ပေးကာ လိုက်ကာကို ချလိုက်သည်။

"ဒါပင်မယ့်လည်း. . .မဟုတ်သေးပါဘူး. . .ညီမလေးကိုယ့်ဟာကိုယ် နေတက်ပါတယ်။ ရုံးကိုပြန်သွားလေ"

"ဘယ်လိုနေမှာလဲ? လက်တစ်ဖက်ကဖြင့် မကောင်းသေးဘဲနဲ့"

"ညီမလေး လုပ်တက်ပါတယ်။ နှေးပင်မယ့် ကိုယ့်ဟာကိုယ် အဆင်ပြေပါတယ်"
ရှုချင်းရီက သူ့ကိုမော့ကြည့်ရင်း ပြောသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now