Zawgyi Ver
၅၉။ တောင်းပန်ခြင်း
ရှန်ယို့က သူမပြောလေလေ ဒေါသထွက်လေလေဖြစ်သည်။ ရှုချင်းရီထိန်းထားသည့် သူမလက်ကို အတင်းဆွဲရုန်းကာ နောက်တစ်ချက်ရိုက်ပစ်လိုက်သည်။ ထိုအခါ ရှုချင်းရီမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ရှန်ယို့က ရှုချင်းရီကို ငုံကြည့်နေရင်းက
"မဖြစ်နိုင်တာ! ငါပြောပြမယ်! မော့ဟန်က ငါတစ်ယောက်တည်းရဲ့အပိုင်ပဲ!"ရှုချင်းရီက နှစ်ခါရိုက်ခံလိုက်ရသောကြောင့် ဒေါသတော်တော်ထွက်နေပြီ။ သူမမနည်းပြန်ထလိုက်သည်။ ဒီမိန်းမကို သူမတောင်းပန်လာသည့်အထိ ဆံပင်မွှေးစောင့်ဆွဲကာ ပါးတွေပြန်ရိုက်ပစ်ချင်နေပြီ။ ဒီမိန်းမစိတ်ကငြိမ်လာသည့်အထိစောင့်ကာ အကုန်ရှင်းမပြနိုင်တော့ဘူး!
သူမလုပ်ချင်သလို လက်တွေ့မှာလုပ်ဖို့ လက်မြှောက်လိုက်တော့မည့် အချိန်တွင်ပဲ မော့ဟန်က ပြန်ရောက်လာသည်။
သူမတို့နှစ်ယောက်လုံးမှာ တံခါးဝသို့ တပြိုင်တည်း ကြည့်မိလိုက်သည်။
ထို့နောက် ရှုချင်းရီမှာ မျက်နှာလွှဲကာ တခြားတစ်နေရာသို့ကြည့်ရင်း ဆိတ်ဆိတ်နေလိုက်သည်။ ရှန်ယို့ကတော့ အပြေးအလွှားဖြင့် မော့ဟန်လက်မောင်းကိုတွဲကာ ရှုချင်းရီကို လက်ညိုးငေါက်ငေါက်ထိုးရင်း
"ပြော! သူကဘယ်သူလဲ? ဘာဖြစ်လို့ နင်အိမ်မှာ နေနေတာလဲ?""ဘာဖြစ်လို့ နင်ပြန်လာတာလဲ?"
မော့ဟန်က ရှန်ယို့ကို ကြည့်လိုက်သည်။"ဘာဖြစ်လို့ ငါကပြန်မလာနိုင်ရမှာလဲ? ငါသာပြန်မလာရင် နင့်အိမ်မှာ မိန်းမတစ်ယောက်ရှိနေမှန်းတောင် ငါသိရမှာ မဟုတ်ဘူး! ပြော! နင်နဲ့သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ?"
ရှန်ယို့က ငိုယိုကာ အော်ကြီးဟစ်ကျယ်ဖြင့် မော့ဟန်ရဲ့လက်မောင်းကို ဆွဲယမ်းရင်း မေးသည်။မော့ဟန်က ဧည့်ခန်းထဲက အပျက်အစီးပုံကြီးကို မြင်သောအခါ ခေါင်းကိုက်လာသည်။ ရှုချင်းရီက သူ့အိမ်တွင်နေမှန်း သူမသိသွားသည့်အခါ သောင်းကျန်းတော့မည် ဆိုသည်ကို သူသိပါသည်။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...