191

2.8K 266 0
                                    

Unicode Ver

၁၉၁။ လွမ်းတယ်

ရှုချင်းရီက ၈နှစ်တာ မှတ်ညဏ်များကို ၁နာရီအတွင်း အကုန်လုံးကို ပြန်မှတ်မိသွားသည်။ 

ဆေးရုံဝန်ထမ်းက သူမသတိရလာကာ မျက်လုံးပွင့်လာသည်ကို မြင်သော်
"ဘယ်လိုနေသေးလဲ?"

သူမသည် နှာခေါင်းမှ အသက်ရှုပိုက်ကို ဖြုတ်လိုက်သည်။ ခေါင်းကိုလှည့်ကာ ကြည့်လိုက်သော် ဆေးရုံဝန်ထမ်းနှင့် ဂျူတီကုတ်ဖြင့် ဆရာဝန်တစ်ယောက်ကိုပါ တွေ့သည်။ အရေးပေါ်အော်ခေါ်ခဲ့သည့် ဘားဆိုင်ပိုင်ရှင်ကိုတော့ မတွေ့ပေ။

ရှုချင်းရီက ချက်ချင်းထထိုင်လိုက်သော်လည်း ဆရာဝန်က ပြန်လှဲချစေသည်။
"လှုပ်လှုပ်ရှားရှား မလုပ်နဲ့ဦး။ ခနနားနေဖို့ လိုသေးတယ်"

ရှုချင်းရီက
"သက်သာနေပါပြီ။ အခုပြန်လို့ရပြီမလား?"

ဆရာဝန်က သူမအား တအံ့တသြကြည့်ကာ
"ပြန်မယ်? အခုမှ အရေးပေါ်ကားထဲမှာပဲ  ရှိသေးတယ်"

"အားတော့နာပါတယ်။ ကျွန်မအခု တကယ်သက်သာနေပါပြီ။ ဘာမှမဖြစ်တော့တာမလို့ မီးပွိုင့်ကျရင် ချပေးခဲ့ပါ။ ကိုယ့်ဟာကိုယ် ပြန်လိုက်မယ်"

ဆရာဝန်က သူမကိုစိတ်ညစ်စွာတစ်ခြက်ကြည့်ပြီးနောက် သွေးခုန်နှုန်းကိုပြကာ
"ဟိုကိုကြည့်။ အပေါ်သွေးက အခု၁၂၀ပဲရှိတယ်။ အောက်စီဂျင်လည်း မလုံလောက်တော့ အသက်ရှုမမှန်သေးဘူး။ ဆေးရုံမှာ အရင်ဆေးစစ်ကြည့်"

"သိပါတယ်. . .ဒါပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းနေပါပြီ။ လုပ်စရာတစ်ခုရှိလို့ အိမ်ကိုစောစောပြန်မှ ရမယ်"
ရှုချင်းရီက ဆေးရုံမှာ ဆေးသွားမစစ်ချင်ပေ။ ဆေးစစ်လိုက်ပါက သူမသည် မော့ဟန်ရှိရာမြို့သို့ အိမ်ပြန်နောက်ကျတော့မှာ ဖြစ်သည်။ မော့ဟန်က သူမအား စိတ်ပူမနေစေချင်ပါ။

ဆရာဝန်ကလည်း သူမခေါင်းမာနေသည့်အခါ လိုက်စရာများကို ပြောပြပြီး မီးပွိုင့်တွင် ချပေးလိုက်သည်။

ရှုချင်းရီက ကားပေါ်ကဆင်းလိုက်သည့်အခါ ရှောင်ယဲ့၏အုတ်ဂူသို့ သွားလိုက်သည်။ သူမသည် တစ်ခါမှ မရောက်ဘူးသောကြောင့် ဘယ်နေရာတွင် မြှုပ်ထားမှန်း မသိပေ။ သုဘရာဇာကို အကျိုးအကြောင်း ပြောပြသည့်အခါ သူမအား အုတ်ဂူဆီသို့ လိုက်ပြသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now