Unicode Ver
၃၂။ ချောလိုက်တဲ့မျက်နှာ
ရှုချင်းရီက ဆက်သုံးသပ်သည်။
"ကျန်းနဲ့ သူ့မိန်းမဆက်ဆံရေး မကောင်းတော့တာအတော်ကြာနေပြီကို။ သူ့မိန်းမကတော့အရင်ကတည်းက သူ့ကိုကွာချင်နေမှာပဲ။ ဒါပေမယ့် ဘာဖြစ်လို့အခုမှ ကျန်းကသဘောတူလိုက်ရတာလဲ? သူ့မိန်းမက ထူးခြားတဲ့သူ ဒါမှမဟုတ် အာဏာရှိတဲ့သူလည်း မဟုတ်ဘူး။ ဒါဆိုရင် ကွာလိုက်ဖို့က အလွယ်လေးပဲလေ"မော့ဟန်က သူမစကားကို ထပ်ဖြည့်ပြောလိုက်သည်။
"သူ့အပေါ်မှာ တစ်ခုခုမရှိရင် . . .""တစ်ခုခု"က ဘာလဲဆိုသည်ကို ရှာဖွေရတော့မည်။ သေချာတာတစ်ခုက ကျန်းရဲ့မိန်းမဟောင်းမှာ ဗီဒိုယိုရိုက်သည့်သူ မဟုတ်ပေ။ ဒီဗီဒီယိုက သူတို့ကွာရှင်းပြီးသည့်နောက်မှ ထွက်လာသည်ဖြစ်သည်။ သူ့မိန်းမကတော့ ဒီဗီဒီယိုနဲ့ ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ဒီအခွေနဲ့ပတ်သတ်ပြီး သူတို့ဘာများထပ်တွေ့နိုင်သေးသလဲဟု တွေးမိသည်။ သူကခွေကိုရှာကာ ရှုချင်းရီကိုပေးလိုက်သည်။
"ဒီအခွေမှာ ဘယ်နေရာမှားနေတယ် ထင်လဲ?"ဗီဒီယိုမှာ တစ်မိနစ်ခွဲလောက်ပဲရှိသည့် တိုတိုလေးဖြစ်သည်။ ဗီဒီယိုကို စားပွဲထောင့်ကနေရိုက်ထားပုံရပြီး ကျန်း၏မျက်နှာအမူအယာနှင့် လှုပ်ရှားမှုများကို ပြတ်ပြတ်သားသားမြင်ရသည်။ သူ့ဘေးတွေ သူ့လက်ထောက်ချောမောသည့် ကောင်လေးတစ်ယောက်ရှိသည်။ သူက တံခါးဘက်နားတွင် တိတ်ဆိတ်စွာရပ်နေကာ ပြောနေသည့်စကားများကို စိတ်မဝင်စားပုံပေါက်သည်။ နောက်ဆုံးဆယ်စက္ကန့်တွင် ရုပ်မပါတော့ဘဲ အသံပဲထွက်နေသည်။ အခွေအရည်အသွေးမကောင်း၍လား ဒါမှမဟုတ် ရိုက်နေသည့်ကင်မရာမကောင့်၍ကြောင့်လားတော့ မသိရပါ။ ဒါပင်မယ့်လည်း ဒီဗီဒီယိုက ဥက္ကဋ္ဌကျန်းရန်ပုံငွေကို လာဘ်စားနေသည့် သက်သေပင်ဖြစ်သည်။
ရှုချင်းရီက ဗီဒီယိုကို ထပ်ခါထပ်ခါကြည့်သည်။ မော့ဟန်က ရှုချင်းရီမျက်နှာအမူအယာကို အကြာကြီးစိုက်ကြည့်နေသည်။ သူမမျက်နှာအမူအယာက သိပ်အပြောင်းအလဲမရှိပါ။ သူမက မျက်မှောင်ကျုံကာ တစ်ခုခုကိုတွေးနေပုံရသည်။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...