150

3.1K 279 4
                                    

Unicode Ver

၁၅၀။ ငါ့မှတ်ညဏ်တွေ

ဟန်လျန်က သူမပုခုံးကနေဖိချကာ ကုတင်ပေါ်တွင် ထိုင်စေသည်။
"ဒီမှာခနစောင့်နော်။ ကိုယ်ပြစရာရှိတယ်"

ဟန်လျန်က ဓာတ်ပုံစာအုပ်အထူကြီးတစ်ခုကို ထုတ်လာပြသည်။ သူက ရှုချင်းရီ၏ဘေးတွင်ထိုင်ကာ ထိုပုံများကို ပြသည်။
"ဒီပုံက ကိုယ်တို့ အလယ်တန်းကျောင်းသားအရွယ်တုန်းက ရိုက်ထားတာ။ အဲ့ဒီအချိန်တုန်းက ညန်ညန်က တွက်စာအရမ်းညံ့တော့ ညန်ညန်အမေက ကိုယ့်ကိုစာကူလုပ်ပေးခိုင်းတာလေ။ ညန်ညန်က ကိုယ်ရှင်းပြသမျှကိုတော့ ငြိမ်ငြိမ်လေး နားထောင်ပင်မယ့် အမှတ်က ဟိုးအောက်ကနေ ဘယ်တော့မှ တက်မလာလို့ ကိုယ်ပြောသမျှကို တစ်ဖက်နားက နားထောင်ပြီး တစ်ဖက်နားကနေ ထွက်သွားတယ်လို့ ကိုယ်ပြောတက်တယ်"

"ဒီပုံက တက္ကသိုလ်တက်တုန်းက ကိုယ်ပါစျေးဝယ်လိုက်ပေးတာ။ အဲ့ဒီအချိန်တုန်းက ကိုယ်တို့က လက်ထပ်ခါနီး တွဲနေတဲ့အချိန်တုန်းကပေါ့။ ကြည့်ဦး။ အပြင်သွားရတိုင်း ညန်ညန်က ဒီလိုပဲ အမြဲပြုံးရွှင်နေတာ။ အရသာရှိတာစားရရင်ရော တစ်ခုခုစားချင်လို့ ပူစာရင်လည်း ဒီလိုရုပ်လေးပဲ"

"ဒါက. . .ကိုယ်တို့လက်ထပ်ပြီးပြီ။ မနှစ်က လက်မှတ်ထိုးကြတာလေ။ ညန်ညန်က လက်ထပ်ပွဲကို မစောင့်နိုင်ဘူးဆိုလို့ တက္ကသိုလ်က ဘွဲ့ရတာနဲ့ ကိုယ်တို့လက်ထပ်လိုက်ကြတာ။ ဒါက ကိုယ်တို့မဂ်လာဆောင်ဓာတ်ပုံရိုက်တုန်းက"

"ဒါက. . .ကိုယ်အတွက် ဟင်းချက်နေတာ။ အင်း. . .အရသာတော့ မဆိုးပါဘူး။ စားလို့တော့ ရတဲ့အနေအထားပါပဲ။ ဟင်းချက်တဲ့အစီအစဉ်တွေကြည့်ပြီးတော့ ကိုယ့်ဟာကိုယ်ချက်နေတာတဲ့။ မီးဖိုချောင်ထဲမှာ မီးလောင်မသွားတာပဲ ကိုယ့်မှာတော်လွန်းတယ် ထင်ခဲ့ရတာကွာ"

ဟန်လျန်က တစ်ပုံချင်းရှင်းပြကာ ပြနေရင်းဖြင့် ရှုချင်းရီ၏ မှတ်ညဏ်များကို ဆွဲထုတ်နိုင်ရန် လုပ်နေသည်။
"ဘာကိုမှ . . .မမှတ်မိဘူးလား? နည်းနည်းလေးတောင်မှ"

"တောင်းပန်ပါတယ်"
ရှုချင်းရီက ပြောသည်။

ဟန်လျန်က ပုံတွေကို ပြန်သိမ်းလိုက်သည်။
"ကိုယ့်အနားမှာရှိနေသ၍ ရပါတယ်"

If the Deep Sea forgets you (Myanmar Translation)Dove le storie prendono vita. Scoprilo ora