Unicode Ver
၈၅။ အူအတက်ခွဲရခြင်း
သူမဟာ တစ်ကိုယ်လုံးချွေးတွေရွှဲနေသည့်အထိ ကြိုးစားပမ်းစား စက်ဘီးနင်းသွားလိုက်သည်။ ရှုချင်းရီမှာ ဆေးရုံးအနားကိုရောက်မှ သူမစိတ်နည်းနည်းငြိမ်သွားနိုင်သည်။
ရှုချင်းရီက အရေးပေါ်ကုသရန် အကျယ်ကြီးအော်ခေါ်လိုက်သည်။ သူတို့က လူနာသယ်စဉ်ကြီးဖြင့် ရောက်လာကာမှ ရှုချင်းရီမှာ နည်းနည်းစိတ်အေးရသည်။ သူနာပြုမတစ်ယောက်မှာ မော့ဟန်ကိုစစ်ဆေးနေရင်း ရှုချင်းရီအား မေးသည်။
"ဘယ်လိုဖြစ်လာတာလဲ?""ဗိုက်အရမ်းအောင့်နေတာ။ နောက်တော့ ဆေးရုံကိုလာတဲ့လမ်းမှာ မေ့သွားတာပဲ"
"ကြည့်ရတာ အခုအူအတက်ပေါက်သွားတယ် ထင်တယ်။ ချက်ချင်းခွဲစိတ်မှရမယ်"
သူတို့ဟာ မော့ဟန်ကိုတင်ထားသည့် လူနာတင်စဉ်အား အမြန်တွန်းသွားကြတော့သည်။ကျန်ခဲ့သည့် သူနာပြုမနှစ်ယောက်ထဲမှ တစ်ယောက်က ရှုချင်းရီအား
"ခွဲစိတ်ခတို့ ဆေးရုံစရိတ်တို့လိုမျိုး လုပ်စရာရှိတာတွေလုပ်ပြီးရင် ခွဲစိတ်ခန်းအပြင်ကနေ စောင့်နေလို့ရပါပြီ"ရှုချင်းရီမှာ ကြောင်အစွာဖြင့် ခေါင်းငြိမ့်ပြီး ခနကြာခါမှ ပြန်သတိဝင်လာသည်။ ထိုအခါ မော့ဟန်ကို တွန်းသွားသည့်နောက်ကို အမြန်ပြေးလိုက်ကာ
"ခနလေး ပိုက်ဆံက သူ့ဆီမှာ။ ကျွန်မမှာ မပါဘူး"သူနာပြုမများမှာ သူမအား တိတ်ဆိတ်စွာကြည့်ပြီးသည့်နောက် သူတို့လုပ်စရာရှိသည်များကို သွားလုပ်ကြသည်။
ရှုချင်းရီက လုပ်ထုံးလုပ်နည်းများပြီးရန် ဟိုဘက်သွားလိုက် ဒီဘက်ကိုပြေးလာလိုက် လုပ်ပြီးကာမှ ခွဲစိတ်ရန်သဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် ကုန်ကျစရိတ်များအား ရှင်းလိုက်သည်။ ထို့နောက် သူမမှာ မူးဝေစွာဖြင့် ခွဲစိတ်ခန်းအရှေ့သို့ ရောက်လာချိန်မှာတော့ မော့ဟန်အား ခွဲစိတ်လို့ ပြီးသွားခဲ့ပြီ။
မော့ဟန်အားထားသည့် ဆေးရုံအခန်းကို ရှာဖွေရန် သူမအားထုတ်ရပြန်သည်။ ထိုနေရာတွင်တော့ မော့ဟန်က နှင်းပွင့်ဖတ်များလို ဖြူဖပ်နေသည့် မျက်နှာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သူကို ဆေးပုလင်းလည်းချိတ်ထားရသေးသည်။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...