88

4K 592 19
                                    

Unicode Ver

၈၈။ အလုပ်ထပ်မလုပ်နဲ့တော့

"ဆေးရုံက ကိုကြီးရပ်တဲ့နေရာနဲ့ သိပ်မဝေးပါဘူး။ ဘာဖြစ်လို့ ဆေးရုံကိုဖုန်းဆက်ပြီး သူတို့ကို အလုပ်ရှုပ်အောင် လုပ်ရမှာလဲ"

မော့ဟန်က သူမနှင့် စကားပြောနေရင်းဖြင့် စွပ်ပြုတ်ကို စားလိုက်သည်။ ထို့နောက်တွင်တော့ သူအကုန်လုံး စားနိုင်သွားခဲ့သည်။ စားပွဲပေါ်တွင် စွပ်ပြုတ်ခွက်ကို ချထားရင်းဖြင့် ရှုချင်းရီနှင့် စကားပြောနေမိသည်။

ပိုင်ယုက ပြန်ရောက်လာသည့်အခါ တံခါးဝတွင်မှီရင်း သူတို့နှစ်ယောက် စကားပြောသည်ကို ပြုံးပြုံးကြီး ကြည့်နေသည်။ ပြီးမှ သူ့ဆီလျှောက်လာကာ ဖိုင်များအား မော့ဟန်ကို ပစ်ပေးလိုက်ပြီး
"မော့ဟန်ကို မကြိုက်တဲ့သူရှိလာမယ့်နေ့ကို ဒီလိုရောက်လာမယ်လို့ ငါမထင်ခဲ့မိဘူး"

မော့ဟန်က သူ့အားတစ်ချက်ကြည့်ကာ
"မင်းမမြင်ဖူးတဲ့အရာတွေ အများကြီးရှိသေးတယ်"

ပိုင်ယု၏မျက်လုံးတွေက သေချာပေါက်ကို မော့ဟန်ဆီမှာမရှိဘဲ ရှုချင်းရီထံတွင်ပင်။ သူက မော့ဟန်၏ ကုတင်ဘေးက ရှုချင်းရီအား ပြုံးပြရင်း
"တကယ်ပဲ မော့ဟန်ရဲ့ ညီမလား?"

"ဟုတ်ကဲ့။ အရင်တုန်းက စားသောက်ဆိုင်မှာ တွေ့ဖူးပါတယ်"
ရှုချင်းရီ၏အသံမှာ မည်သည့်ခံစားချက်မှ မပါပေ။

ပိုင်ယုက ပြုံးကာ
"မှတ်မိသားပဲ"

ထို့နောက် သူကဆက်မေးသည်။
"ကြည့်ရတာ ငယ်မယ့်ပုံလေး။ အသက်ဘယ်နနှစ်လဲ? ကျောင်းတက်တုန်းလား?"

"အသက်၂၀ပါ။ တက္ကသိုလ်တက်နေတုန်းပါပဲ"

ပိုင်ယုက ရှုချင်းရီအား စေ့စေ့ကြည့်ရင်း သူမ၏အလှတွင် မြောသွားသည်။ ဘယ်တုန်းကမှ ဒီလိုဆံပင်အတိုဖြင့် မိန်းကလေးတစ်ယောက်မှာ တက်ကြွကာ သမင်လိုတောက်ပသည့် မျက်လုံးများရှိခြင်းအား သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
"တော်တော်လှတာပဲ။ ညီမရဲ့အကိုနဲ့ ပုံစံခြင်း မတူဘူးပဲ"

"ပိုင်ယု!"

မော့ဟန်က သူ့ကိုခပ်စိမ်းစိမ်းကြည့်နေစဉ်တွင် ရှုချင်းရီကလည်း သံသယဖြစ်စွာ သူ့အားကြည့်နေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now