97

3.9K 527 22
                                    

Unicode Ver

၉၇။ ထပ်နမ်းခြင်း

မော့ဟန်က သူမ၏အပြုံးကိုကြည့်ကာ သူ့နှလုံးသားမှာ နှစ်မြုပ်သွားလေသည်။
'ထပ်ဖြစ်ပြန်ပြီ!'

"နိုးနေပြီလား?"
မော့ဟန်က သူမအား မေးလိုက်သည်။

ရှုချင်းရီက ဆိုဖာပေါ်တွင် အပြုံးကြီးပြုံးနေသောလည်း သူမကိုယ်လေးကတော့ ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်ဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျမတက် ဖြစ်နေသည်။

"အရက်ရှိသေးလား? ထပ်သောက်ချင်သေးတယ်!"

မော့ဟန်က မျက်မှောင်ကျုံရင်းသာ သူမအား ထိန်းပေးလိုက်ရသည်။ ထိုကောင်မလေးအား သူ့ပုခုံးပေါ်တွင် မှီစေရင်း
"အရက်နည်းနည်းလေးဝင်သွားရုံနဲ့ မင်းဒီလိုဖြစ်သွားတာပဲ"

ရှုချင်းရီက မော့ဟန်၏ ပုခုံးကို မှီထားရင်း လည်ပင်းကိုပါ သိုင်းဖက်လိုက်သည်။
"သောက်ချင်သေးတယ်လို့"

မော့ဟန်က သူမ၏လက်များကိုဖယ်ကာ စိတ်မရှည်စွာဖြင့်
"ငါထပ်ပြောမယ်။ ငါမင်းကို ဒီနေ့ည အိမ်ပေါ်ကနေ ကန်ချမှာကို ယုံတယ်မလား?"

"မယုံပါဘူး"
ရှုချင်းရီက ပြုံးရင်းပြောကာ သူ့ကိုလည်း လက်မလွှတ်ချေ။

မော့ဟန်က သူမကိုချီသွားရရင်း သူမ၏ ပေါက်ကရပြောနေသည်များကိုလည်း နားထောင်နေရသည်။ သူက မျက်မှောင်ကျုံကာ သူမအား အပြင်သို့ ခေါ်လာသည်။ သူမအိမ်ပြန်ရောက်လျှင် အိပ်ပျော်နိုင်စေဖို့လည်း အရက်နာကျသက်သာဆေးကို ဝယ်ချင်သေးသည်။

ကားဘေးနားသို့ ရောက်လာသည့်အခါ ရှုချင်းရီကို ကားထဲထည့်ဖို့ ပြင်သည်နှင့် သူမက ထရုန်းပြန်သည်။
"စက်ဘီးပြန်စီးချင်တယ်!"

"ဘယ်စက်ဘီးကို စီးမလို့လဲ? ကားထဲကိုသာဝင်"
မော့ဟန်က ရှုချင်းရီအား ချုပ်ထားရသည်။

ရှုချင်းရီက ခေါင်းကို တလှုပ်လှုပ်ခါကာ
"မဝင်ဘူး။ စက်ဘီးပဲ စီးချင်တာ"

မော့ဟန်က သက်ပြင်းချကာ သူမကို လက်တစ်ဖက်ဖြင့် ချုပ်ထားရင်းကနေ နောက်လက်တစ်ဖက်ဖြင့် ကားတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူမအား ကားအရှေ့ခုံတွင် ချလိုက်ကာ တံခါးပြန်ပိတ်လိုက်သည်။ သူကတော့ ကားတစ်ဖက်ခြမ်းသို့ အမြန်သွားလိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now