62

4.3K 683 64
                                    

Unicode Ver

၆၂။ ငါနင့်ကိုချစ်တယ်

မော့ဟန်က သူ့အခန်းထဲကို ပြန်ဝင်လာသောအခါ ရှန်ယို့က မအိပ်သေးပေ။ သူမက အိပ်ရာပေါ်တွင် ဖုန်းသုံးနေရင်း စိတ်ကြည်နေပုံရသည်။

"အခုမှ ဘာဖြစ်လို့လာတာလဲ?"
ရှန်ယို့က ဖုန်းကိုချကာ နှုတ်ခမ်းဆူရင်း ပြောသည်။

မော့ဟန်က သူ့အိပ်ရာဘေးတွင် ထိုင်လိုက်ကာ နာရီကို သူ့စားပွဲပေါ်တွင်ချလိုက်ရင်း
"တချို့အလုပ်လေးလုပ်ဖို့ သတိရသွားလို့"

ရှန်ယို့က နောက်ကနေ သူ့လည်ပင်းကို သိုင်းဖက်ကာ သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်ရင်း
"နင်ဘာဖြစ်လို့ အမြဲတမ်း မပြောင်းလဲတာလဲ? နင်သိတာဆိုလို့ အလုပ်တစ်ခုပါပဲ"

မော့ဟန်၏အမှုအယာမှာ ပင်ပန်းနေပုံပေါ်ကာ သူ့ကိုယ်သူသတိမထားမိဘဲ ဘေးကိုရွေ့လိုက်မိပြီး
"နင်မအိပ်သေးဘူးလား?"

"ငါနင့်ကိုစောင့်နေတာ"

ရှန်ယို့ကပြုံးပြီး သူနှုတ်ခမ်းကိုနမ်းဖို့တိုးလာသောအခါ မော့ဟန်က အမြန်ရှောင်လိုက်ပြီး
"ငါဒီနေ့ပင်ပန်းနေတယ်။ စောစောအိပ်"

ရှန်ယို့က နည်းနည်းစိတ်မကောင်းဖြစ်သွားကာ သူ့ကိုလွှတ်ပေးလိုက်ပြီး ခေါင်းအုံးကိုမှီထိုင်ကာ
"ငါအမေရိကန်ကနေ ပြန်လာရတာတောင် နင်ကဒီလို ငါ့ကိုဆက်ဆံနေတာလား?"

"နင်ခုနတုန်းက အဲ့လိုမလုပ်သင့်ဘူး"
မော့ဟန်က ပြောလိုက်သည်။

ရှန်ယို့က မှီထိုင်နေရင်းကနေ လက်ပိုက်လိုက်ပြီး မျက်မှောင်ကျုံကြည့်ကာ
"ငါသူ့ကို တောင်းပန်ပြီးသားလေ။ နင်ကဘာလုပ်စေချင်သေးလို့လဲ?"

ရှန်ယို့က မော့ဟန်ကို စိတ်ရှုပ်စွာဖြင့် ကြည့်ကာ
"ငါသိချင်တာတစ်ခုက နင့်မွေးစားညီမအကြောင်းပြောတာ ဘာဖြစ်လို့ ငါမကြားဘူးတာလဲ?"

"ငါလည်း အခုတလောလေးမှ သိတာလို့ ပြောပြီးသားမလား"
မော့ဟန်က ထူးမခြားနားလေသံဖြင့်
"ဟိုကနေ ငါ့ကိုရှာဖို့ သူ့ဟာသူလေယာဉ်စီးပြီး ရောက်လာတာ"

"ပြီးတော့ နင်ကသူ့ကို အိမ်ပေါ်ခေါ်တင်ထားတယ်ပေါ့။ မော့ဟန်က ဒီလိုနွေးနွေးထွေးထွေးရှိမှန်း ငါမသိခဲ့ပါလား? နင့်အတွက် သူကသူစိမ်းပဲလေ။ နင့်ညီမအရင်းလို သဘောထားနေတယ်လို့တော့ ငါ့ကိုမပြောပါဘူးနော်?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now