29

5.2K 669 16
                                    

Unicode Ver

၂၉။ သူမကို အရမ်းမတင်းကြပ်ပါနဲ့

"ကျန်းလေး မနေ့က ဥက္ကဋ္ဌကျန်း ပို့ထားတဲ့ စာရွက်စာတမ်းတွေပေး"
မော့ဟန်က ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာသည်။ မော့ဟန်က ဒါပြောပြီးသောအခါ ချက်ချင်းပြန်လှည့်သွားသည်။

မော့ဟန်ထွက်လာမည်ဟု မထင်ခဲ့သော ကျန်းလီမှာ စာရွက်စာတမ်းများကို အမြန်ရှာဖွေကာ စားပွဲပေါ်သို့ တင်သည်။

ရှုချင်းရီက မော့ဟန်ထွက်သွားတော့မည်ကို မြင်သည်နှင့် အမြန်လှမ်းခေါ်လိုက်သည်။
"ကိုကြီး!"

မော့ဟန်နှင့် ကျန်းလီတို့က သူမကိုလှည့်ကြည့်ကြသည်။ ကျန်းလီသည် ဤအချင်းအရာကိုမြင်သောအခါ လန့်သွားသည်။

"ဒီမှာဘာလုပ်နေတာလဲ?"
မော့ဟန်က သူမကိုခနအတွင်း မှတ်မိသွားသည်။ အရင်ရက်ပိုင်းတွေတုန်းက သူမဟာဆေးရုံဝတ်စုံကြီးဝတ်လိုက် သူ့အဝတ်တွေဝတ်လိုက် ဖြစ်ခဲ့သည်မလို့ ဒီလိုပုံမှန်ဝတ်စုံမျိုး ဝတ်ဆင်ထားခြင်းကိုသူမမြင်ဖူးဘူး။

မော့ဟန်က သူမတကယ်လှကြောင်းကို သတိပြုမိသွားသည်။ သူမအသားအရည်မှာဖြူဖွေးဥနေပြီး ဆံပင်အတိုလေးကလည်း သူမမျက်နှာသေးသေးလေးအပေါ်သို့ ပျော့ပျောင်းစွာ ရိုက်ခတ်သွားသည်။ ကြယ်တွေလိုတောက်ပသည့် သူမမျက်ဝန်းတစ်စုံကလည်း လူတွေကိုနစ်မြောစေသည်။

"အိမ်ကဘယ်မှာလဲဆိုတာ မေ့သွားလို့"
ရှုချင်းရီက ပြောသည်။

ထိုအခါမှ မော့ဟန်က သူမကိုဆေးရုံမှာထားခဲ့ပြီး သူလာခေါ်ရန် ဖုန်းဆက်ဖို့ မှာခဲ့သည်ကို သတိရလာသည်။ ကျန်း၏အမှုကိစ္စအတွက် ရုံးတွင်တနေ့လုံးအလုပ်ရှုပ်နေသောကြောင့် သူမကိုသွားကြိုရမည်ကို သူလုံးဝမေ့သွားခဲ့သည်။

"ဘာဖြစ်လို့ ဖုန်းမခေါ်လိုက်တာလဲ?"

"ဖုန်းနံပတ်မှမရှိတာ"
ရှုချင်းရီက ပုခုံးတွန့်ကာ ပြောသည်။

မော့ဟန်က သကာပြင်းချလိုက်သည်။
အရေးကြီးတာကိုမှ မေ့သွားရခြင်းကို သူကိုယ့်သူပင် မယုံကြည်နိုင်ဖြစ်သည်။ ရှုချင်းရီဆီလျှောက်သွားကာ သူမအနားမှအိတ်များကိုကြည့်ပြီး
"ဒီအိတ်တွေအကုန်လုံးကို တစ်ယောက်တည်း ဒီအပေါ်ကိုသယ်လာခဲ့တာလား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now