22

5.9K 594 6
                                    

၂၂။ ကိုကြီးအခင်းပေါ်မှာ အိပ်ရတာပဲ ကြိုက်တာ

"ညီမအကိုဆိုရင်တောင် ဒီလိုလုပ်လို့မှ မရတာ"
ရှုချင်းရီက ခုနတုန်းက မော့ဟန်က သူမအကိုလို့ပြောလိုက်တာကို နားမလည်ဘူး။ သူမတို့က ဘာမှမပတ်သက်တာ! ဒါပင်မယ့်လည်း ဒီအခြေအနေကြောင့် ရှေ့နေတွေနှင့် ရင်ဆိုင်ရတာ မလွယ်ကူမှန်း သူမနားလည်သွားသည်။

မော့ဟန်က မျက်မှောင်ကျုံကာ တိတ်ဆိတ်သွားသည်။

ကလေးဘဝကတည်းက မော့ဟန်ဆန္ဒကို အာခံသည့် လူအချို့ရှိခဲ့သည်။ အခုလည်း သူနှင့်အငြင်းအခုံဖြစ်ရသည့်လူမဆိုသလောက်နည်းနည်းရှိဆဲပင်။ ငယ်စဉ်က မော့ဟန်က စကားပြောရသည်ကို မကြိုက်ပေ။ သူကတစ်ခုခုကိုမလုပ်ခင် သေချာစဉ်းစားသည့်လူမျိုးပင်။ ဒါပင်မယ့် သူတစ်ခုခုကိုလုပ်ပြီဆိုသည်နှင့် သူ့စိတ်ကိုပြောင်း၍ မရတော့ချေ။ အဆုံးသတ်တွင် သူ့ဆုံးဖြတ်ချက်က လက်တွေ့တွင် အမှန်ဖြစ်သွားသည်။ ထို့ကြောင့် law firmက လူတွေမှာ မော့ဟန်ဆုံးဖြတ်ချက်ကို သဘောတူလိုက်နာကျသည်မှာ ပုံမှန်ဖြစ်သွားသည်။

ဒါပင်မယ့်လည်း အခုတော့ ကိစ္စတွေက မတူညီတော့ဘူး . . .

မော့ဟန်က စိတ်ဆိုးနေသည့် ရှုချင်းရီကို ကြည့်လိုက်သည်။ သူ့ကို သူမမှားသွားပြီလားဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေကာ စိတ်တိုစွာ သက်ပြင်းချနေသည်။

ဘာအကြောင်းကြောင့်မှန်းမသိဘဲ သူ့စိတ်ကပျော့ပြောင်းသွားကာ
"ဒါဆိုရင် ဘယ်လိုလဲ? အထက်တန်းကျောင်း တက်စရာတော့မလိုဘူး။ ဒါပင်မယ့် ကျောင်းတော့တက်ရမယ်။ ဘယ်နည်းနဲ့မှ အလုပ်မလုပ်ခွင့်မပြုဘူး"

"အထက်တန်းကျောင်းမတက်ရင် ဘယ်ကျောင်းတက်ရမှာလဲ?"
ရှုချင်းရီက စိတ်ရှုပ်စွာ ထပ်မေးသည်။

"တက္ကသိုလ်တက်။ ကြိုက်တဲ့မေဂျာယူ။ သေချာပြီဆိုရင် သုံးရက်အတွင်း မင်းအတန်းစတက်လို့ရပြီ"

"ဒါပင်မယ့်. . ."
နောက်ဆုံးမှာတော့ အဖြေက သူမကျောင်းမဖြစ်မနေတက်ရမည် ဖြစ်သွားသည်။ ဒါပင်မယ့် သူမဝန်လေးနေတုန်းပင်။

သူမကမော့ဟန်ကို တမင်သက်သက် စိတ်ပူအောင်လုပ်နေတာ မဟုတ်ပင်မယ့် မသိစိတ်တွင် ကျောင်းတက်ခြင်းက သူမကစိမ်းသက်နေသည်။  သူမအတွက် စာလေ့လာခြင်းမှာ မိုင်ထောင်ပိုင်းများစွာ ဝေးကွာနေသလိုပင်။ သူမမှတ်ညဏ်မပျောက်ခင်တုန်းက သူမဘယ်လိုဆိုတာကို မသိသောကြောင့် မော့ဟန်ပြောသလို စာကြိုးစားသည့် အထက်တန်းကျောင်းသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now