44

4.5K 659 7
                                    

Unicode Ver

၄၄။ အပြုံးနောက်ကွယ်က သီးသန့်ဆန်မှု

ကျန်းယန်က ရှုချင်းရီ၏ စကားများကြောင့် ကြောင်အသွားည်။ ဒီကောင်မလေးက သာမန်မဟုတ်နိုင်ဘူးဟု သူခံစားရသည်။ သူမအတွေးအခေါ်တွေက တိကျနေပြီး အသေးစိတ်တစ်ခုမကျန် မှတ်မိနေသည်။ သူမက အခြားလူတွေ ကျော်သွားမိတဲ့ အချက်တွေကိုတောင် ထောက်ပြနိုင်သေးသည်။

ရှုချင်းရီက ဒီရဲဖြင့် စကားဆက်မပြောချင်တော့ပေ။ သူမနာရီကိုကြည့်လိုက်တော့ ၉နာရီခွဲနေလေပြီ။ အခုအချိန်လောက်ဆိုရင် မော့ဟန်က အလုပ်သိမ်းပြီး ပဲနီအဆာသွပ်မုန့်ကို ဝယ်ကာ အိမ်ကိုပြန်လာလောက်ပြီ။

"အမှုကိုတိုင်တဲ့သူဆိုတော့ ရဲစခန်းကိုလိုက်ပြီး မေးခွန်းနည်းနည်းဖြေပေးဖို့ လိုပါမယ်"
ကျန်းယန်က ပြောသည်။

ရှုချင်းရီက တစ်ခုခုပြောမလို့ ပြင်ရုံပဲ ရှိသေးသည်။ သူမဖုန်းက မြည်လာသည်။ သူမ၏အကိုက ခေါ်နေခြင်းဖြစ်သည်။

"ဘယ်မှာလဲ? ဘာဖြစ်လို့ အိမ်ပြန်မရောက်သေးတာလဲ?"
မော့ဟန်က အိမ်ပြန်ရောက်သောအခါ ရှုချင်းရီကို မတွေ့သောကြောင့် ချက်ချင်းဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။ သူက ထိုမုန့်ဝယ်ဖို့ နာရီဝက်လောက် တန်းစီစောင့်လာပြီးမှ အိမ်ကိုပြန်လာခြင်းဖြစ်သည်။

"ဟို. . .ညီမလေး ကျောင်းမှာပဲရှိသေးတယ်။ ဒီမှာကိစ္စတစ်ခုပေါ်လာလို့"

"ဘာဖြစ်တာလဲ? အရေးကြီးကိစ္စလား?"

"ကျောင်းမှာ လူသတ်မှုဖြစ်တာ။ အဲ့ဒါရဲတွေက အမှုပေါ်လို့ ညီမလေးကို မေးခွန်းတွေ မေးနေကြလို့"

"လူသတ်မှု?"
မော့ဟန်က စိတ်ပူသွားသည်။

"အင်း ညီမလေးက အလောင်းကို အရင်တွေ့တာမလို့ ရဲတွေက အခုစစ်မေးနေတာ"

မော့ဟန်က မျက်မှောင့်ကျုံသွားသည်။
"ကျောင်းမှာခနစောင့်။ အဲ့ဒီကိုလာခဲ့မယ်"

ရှုချင်းရီက သဘောမတူခင်
"မုန့်ဝယ်ခဲ့လား?"

မော့ဟန်က ဒီလိုအချိန်မှာတောင် မုန့်အကြောင်းတွေးနေနိုင်သေးသည့် ထိုကောင်မလေးအတွက် လက်ဖျားခါကာ
"အင်း ဝယ်ခဲ့တယ်။ ခနနေလာရင် လာခဲ့မယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now