168

3.4K 333 21
                                    

၁၆၈။ အကျီချွတ်လိုက်

မော့ဟန်က သူမခေါင်းလေးကို ပုတ်ပေးကာ
"သွားအိပ်ကြမယ်။ ပြဿနာရှိရင် မနက်ဖြန် နိုးလာမှ ငါတို့ပြောကြတာပေါ့"

သူက သူမ၏အိပ်ခန်းသို့ခေါ်သွားကာ သူမကိုကုတင်ပေါ်တွင် ထိုင်စေပြီးနောက် သူမခေါင်းနှင့်ကိုယ်တို့ကို သုတ်ရန် သဘက်သွားယူပေးသည်။

"ရေချိုးချင်လား? မဟုတ်ရင် အအေးမိလိမ့်မယ်"
မော့ဟန်က ကုတင်ဘေးတွင်ထိုင်ရင်း သူမဆံပင်ကို သုတ်ပေးနေရင်းက မေးသည်။

ရှုချင်းရီက ခေါင်းခါလိုက်သည်။ မျက်ရည်တို့ကလည်း အဆက်မပြတ်ကျဆင်းဆဲပင်။

"ဒါဆိုရင်လည်း အဝတ်တော့လဲလိုက်ဦး။ မအိပ်ခင် နွေးနွေးထွေးထွေးဝတ်လိုက်"

ရှုချင်းရီက သူမ၏စကတ်ကို ဆွဲချွတ်ဖို့ လုပ်လိုက်သည့်အခါ မော့ဟန်က သူမအား သဘက်ဖြင့် အုပ်လိုက်ကာ ခေါင်းကိုအမြန်လွှဲလိုက်ရပြီး
"အဝတ်တောင် ထုတ်မပေးရသေးတာကို ဘယ်လိုလဲမှာလဲ? ခနနေဦး"

မော့ဟန်က သူမ၏ဗီရိုသို့ သွားကာ သူမအရင်ဝတ်တက်သည့် ညအိပ်ဝတ်စုံကို ထုတ်ပြီးပစ်ပေးလိုက်သည်။
"အဝတ်မလဲခင် ကိုယ်ကို အရင်သုတ်"

ရှုချင်းရီက စိုနေသည့်အဝတ်တွေကို ချွတ်နေချိန်မှာလည်း မျက်ရည်တို့က တပေါက်ပေါက်ကျနေသည်။ သူမသည် ဟိုဘက်မြို့မှာ ဖြစ်ခဲ့သမျှကို မတွေးချင်လောက်အောင် ပင်ပန်းနေသော်လည်း သူမ၏ကိုယ်ကို သဘက်ဖြင့် မရှိသည့်အားကို ဖြစ်ညှစ်ကာ သုတ်နေရသည်။ သို့သော်လည်း သူမ၏မျက်လုံးထောင့်မှ အိတ်ထဲက ထွက်လာသည့် ဓာတ်ပုံကိုမြင်သည့်အခါ လက်တွေ့ဘဝကို ပြန်သတိရသွားပြန်သည်။

အခန်းအပြင်က မော့ဟန်သည် ဘာအသံမှ မကြားတော့သောကြောင့် ရှုချင်းရီမှာ အဝတ်လဲပြီးပြီဟုထင်ကာ ဝင်လာသည်။ သို့သော် သူမသည် အဝတ်မဝတ်ရသေးသည်ကို မြင်သည့်အခါ ချက်ချင်းမျက်နှာကို လွှဲလိုက်ရပြီး
"ဘာဖြစ်လို့ အဝတ်မဝတ်သေးတာလဲ?"

ရှုချင်းရီသည် မော့ဟန်၏အသံကိုကြားမှ အသိစိတ်ပြန်ဝင်လာသည်။ ထို့နောက် ညအိပ်ဝတ်စုံကိုဝတ်ကာ ကုတင်ပေါ်တွင် လှဲချလိုက်သည်။ သူမ၏မျက်လုံးများက ပြတင်းပေါက်ကို ကြည့်နေရင်း
"အိပ်တော့မယ်။ သွားချင်ရင်သွားလို့ရပြီ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now