182

3K 295 6
                                    

Unicode Ver

၁၈၂။ တွဲကြရအောင်

ရှုချင်းရီသည် တွေးကြည့်သည့်အခါ သူမအရက်မသောက်ခဲ့ဘူး ဆိုသည်က သေချာပါသည်။ သူမသည် အခန်းထဲမှာ သူမကြားလိုက်ရသည့်ကိစ္စကြောင့်သာ ရှက်မိနေခြင်း ဖြစ်သည်။ မော့ဟန်၏အေးနေသည့်လက်များက သူမကိုထိလိုက်သည့်အခါ သက်တောင့်သက်သာ ဖြစ်သွားသည်။

"မဟုတ်ပါဘူး. . ."
ရှုချင်းရီ၏အသံမှာ တိုးနေသည်။

မော့ဟန်က သူမ၏အသံကိုကြားသည့်အခါ မူးနေသည်ဟု ပိုထင်သွားတော့သည်။

"ကိုယ့်ဟာကိုယ်သောက်လိုက်တာလား? ဒါမှမဟုတ် ဘယ်သူကတိုက်လိုက်တာလဲ? မသောက်ပါနဲ့လို့ ငါအကြိမ်ကြိမ်မှာထားရဲ့နဲ့. . . ဘာဖြစ်လို့ နားမထောင်ရတာလဲ!"
မော့ဟန်သည် မူးဝေနေသလိုဖြစ်နေသည့် ရှုချင်းရီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့။ ငါဘာပြောပြော အမူးပြေသွားရင် မေ့သွားမှာပဲ"

"အခုကစပြီး ငါ့ဘေးမှာပဲနေ။ ဘယ်မှလျှောက်မသွားနဲ့။ မဟုတ်ရင် ပြဿနာတက်လိမ့်မယ်"

ရှုချင်းရီက ထရပ်လိုက်ကာ နံရံကိုမှီရင်း
"ဘယ်လိုပြဿနာမျိုးလဲ?"

မော့ဟန်က သူမကိုကြည့်လိုက်သည်။ ဟိုတစ်နေ့ကမူးသွားသည်နှင့်ယှဉ်လျှင် ဒီနေ့ကသူမအနည်းငယ်ထူးဆန်းနေသည်ဟု မော့ဟန်က ထင်လိုက်မိသည်။

"ထားလိုက်တော့။ ပွဲကလည်း ပြီးတော့မှာပဲကို ငါတို့အရင်ပြန်မယ်။ မင်းကို ငါပဲလိုက်ထိန်းနိုင်မှာ"

သို့သော်လည်း ရှုချင်းရီက သူ့အနားသို့ကပ်လာကာ သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး တစ်လုံးချင်းမေးသည်။
"ဘယ်လို ပြဿနာမျိုးကို. . .ပြောနေတာလဲ?"

သူမသည် မော့ဟန်၏အကျီကော်လံကိုဆွဲကာ ခြေဖျားထောက်ပြီး မော့ဟန်၏နှုတ်ခမ်းကို နမ်းလိုက်သည်။
"ဒီလိုမျိုးလား. . .?"

မော့ဟန်၏မျက်နှာသည် နီရဲသွားသည်။ သူမက ဒီလိုလုပ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့မိပေ။ ရှုချင်းရီ၏ခါးကိုထိန်းကာ သူမ၏မျက်လုံးများကိုကြည့်တော့ သူမသည် ထိုနေ့ကလိုပဲ ရီဝေဝေနဲ့ ဖြစ်နေသည်။ သူမ၏အနမ်းက ချစ်သူတွေလိုမျိုး ဖြစ်နေသောကြောင့် မော့ဟန်သည် စိတ်မထိန်းနိုင်တော့ဘဲ သူမအား ပြန်နမ်းချင်လာသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now