197

3.2K 254 1
                                    

Unicode Ver

၁၅၇။ ဝေးကွာခြင်း

"ငါ့ဖုန်းရဲ့ lock screenမှာက မင်းအိပ်နေတဲ့ပုံလေ။ မနက်ကအစည်းအဝေးမှာ လျူဇီယွမ်က ငါ့ဖုန်းကိုကိုင်လိုက်တာ။ တွေ့သွားပြီးမေးတော့ အမှန်အတိုင်းဖြေလိုက်တာ"

"ကိုကြီးရူးနေလား?"
ရှုချင်းရီက မေးသည်။
"ညီမလေး အပျော်သဘောနဲ့ စပြီးတင်ပေးထားတာကို ဆက်ထားရသလား! ဘာဖြစ်လို့ သူတို့ကိုလည်း ပြောပြလိုက်ရတာလဲ?"

မော့ဟန်က စိတ်တိုနေသည့် ရှုချင်းရီကို နားမလည်နိုင်စွာ ကြည့်ကာ
"ဘာမှားလို့လဲ? အနှေးနဲ့အမြန် သိကြရမှာပဲ"

"အတိအကျ ဘယ်လိုပြောခဲ့တာလဲ?"

"ငါ့ကောင်မလေးလို့ ပြောလိုက်တာလေ"

"ဒီလိုကြီး ပြောချလိုက်တာလား?"

"ဘယ်လိုပြောရမှာလဲ?"

"သူတို့က ဘယ်လိုဖြစ်သွားလဲ?"

"လျူဇီယွမ်ကတော့ အံ့သြသွားတယ်။ ဟိုရှေ့နေလေးကတော့ စကားတောင် ပြန်မပြောနိုင်တော့ဘူး"

ရှုချင်းရီက စိတ်ပူသွားကာ
"သူတို့က ကိုကြီးရဲ့ညီမလို့ ထင်နေတာလေ။ အဲ့ဒီလိုပြောလိုက်တော့ ကိုယ့်ညီမနဲ့ ပြန်ကြိုက်နေတယ်လို့ ထင်ကုန်ကြတော့မှာပဲ"

"သွေးရင်းမဟုတ်တာ အကုန်လုံးက သိပါတယ်"

"သွေးရင်းမဟုတ်လည်း ဥပဒေအရ ညီမဖြစ်နေတယ်လေ။ သူတို့က ဘယ်လိုထင်ကုန်ကြမလဲ? ညီမလေးက ကိစ္စမရှိဘူး။ ဒါပင်မယ့် ကိုကြီးကို မကောင်းတဲ့သူလို့ ထင်ကုန်ကြမှာပေါ့!"

"ငါပြောတာကလည်း အမှန်ပဲလေ။ မင်းက ငါ့ချစ်သူပဲ"
ရှုချင်းရီက ဒီလိုလူသိရှင်ကြားတွဲခံရတာကို ပျော်မယ်ဟုသာ ထင်ခဲ့သည့် မော့ဟန်က
"ငါတို့အကြောင်း မသိစေချင်လို့လား? ခိုးတွဲစေချင်တာလား? လူကြားထဲတောင် မင်းလက်ကို ငါ့မှာကိုင်လို့ မရဘူးလား"

"မသိစေချင်တာမဟုတ်ပါဘူး။ အချိန်မတန်သေးတာ။ မွေးစားစာချုပ်က ကုန်ဖို့သိပ်မှမလိုတော့တာ။ ပြီးတော့လည်း ညီမလေးကို မပြောမဆိုနဲ့ ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး ပြောလိုက်ရတာလဲ?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now