70

4.5K 607 4
                                    

၇၀။ နတ်ဘုရားကိုကို

"နင်တို့ သူ့အကိုဆိုတာကို မြင်ဖူးလိုက်လား? ကားအကောင်းစားကြီးကို မောင်းလာပြီး အနောက်တိုင်းဝတ်စုံအပြည့်နဲ့ အရမ်းချောတာပဲ။ ငါဓာတ်ပုံခိုးရိုက်ထားပြီး သူငယ်ချင်းတွေကိုပြတော့ အဲ့ဒါငါတို့မြို့က နာမည်ရှိတဲ့ အကောင်ကြီးကြီးတဲ့"
ကောင်မလေးတစ်ယောက်က ပါးစပ်ကိုအုပ်ရင်း ပြောသည်။

"ငါမြင်လိုက်တယ်! သူတို့က ရုပ်ချင်းလည်း မတူကြဘူး။ သူအပြင်မှာ တွေ့လာတဲ့ နတ်ဘုရားကိုကိုများလား? အဲ့တစ်ယောက်က သူ့ကိုတော့ ကောင်းကောင်းဆက်ဆံသားပဲ!"

"ဟုတ်တယ်! အိပ်ရာပေါ်မှာ နတ်ဘုရားကိုကိုလို့ ခေါ်နေလောက်တယ်"
ဘေးကကောင်မလေးမှာ လှောင်ရင်းပြောသည်။

(နတ်ဘုရားကိုကိုဆိုသည်မှာ ငွေချူစားသည့်သူအား ပေးနေသူနှင့်တူသည့် တရုတ်အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။)

ရှုချင်းရီက ထိုနောက်ဆုံးပြောသည့် စကားများကို ကြားသည့်အခါ ရပ်သွားသည်။ သူမသည်းမခံနိုင်တော့သောကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူမအသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်ရန်ထိန်းသော်လည်း ထိုစကားများကြောင့် ဒေါသမှာ ဘယ်လိုမှ ထိန်းမရတော့ပေ။

ထိုစကားပြောလိုက်သည့် ကောင်မလေးတစ်ယောက်၏ခေါင်းကို နောက်ကနေ သူမဆေးပုလင်းဖြင့် ချိန်ကာ ရိုက်ချပစ်လိုက်သည်။

"အား!!!"
ထိုကောင်မလေး၏ အော်သံနှင့်အတူ ဆေးပုလင်းမှာ ကြမ်းပြင်ပေါ်သို့ကျကွဲသွားသည်။ သူမနောက်ကို လှည့်ကြည့်သောအခါ ရှုချင်းရီကို မြင်သည်နှင့် သူမလန့်သွားကာ ဘာစကားမှ ထွက်မလာတော့ပေ။

ရှုချင်းရီက ထိုကောင်မလေးဆီလျှောက်သွားကာ အားပါပါဖြင့် ပါးရိုက်ချလိုက်သည်။ အမျက်ခြောင်းခြောင်းထွက်ရင်း
"နင်စကားကိုကြည့်ပြော!"

သူတို့မှာ ရှုချင်းရီဒေါသထွက်သည်ကို တစ်ခါမှ မမြင်ဘူးပေ။ သူမမျက်လုံးတွေက သူတို့ကို ရှင်လျှက်လှီးပစ်နိုင်သည့် ဓားထက်ထက်လို ခိုင်မာကာ စူးရှနေသည်။ သူတို့မှာ ကြောက်လန့်နေကြပြီဖြစ်သော်လည်း ရိုက်ခံလိုက်ရသည့်တစ်ယောက်မှာ တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြန်ရန်တွေ့သည်။
"ငါကနင့်ကိုတောင်းပန်စရာလား? ငါပြောတာက အမှန်ပဲ!"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now