Unicode Ver
၂၆။ ခနနေရင် လာကြိုမယ်
"ခြွင်းချက်အခြေအနေပြောသွားသေးလား?"
မော့ဟန်က စိတ်တည်ငြိမ်စွာ အခြေအနေကို ယေဘုယျကျစွာ သုံးသပ်လိုက်သည်။ ကျန်း၏မိန်းမဟောင်းမှာ လောဘကြီးသူဖြစ်သည်။ မနက်ဖြန်ရုံးချိန်းအတွက် အရေးပါသည့်အရာကို ဒီနေ့သူ့ရုံးကို လာပြောကတည်းက သူမတွင်မြှုပ်ကွက်ရှိလိမ့်မည်။"ဘာမှတော့ မပြောဘူး။ ဒါပင်မယ့် အခုဧည့်ခန်းမှာ ထိုင်နေတယ်။ သူ့ကိုကြည့်ရတာ ရှေ့နေကြီးအလာကို စောင့်နေသလိုပဲ"
"ငါ . . .ရုံးကို ခနနေရင် လာခဲ့မယ်။ ငါလာမှ ဆွေးနွေးကြတာပေါ့"
မော့ဟန်က ဖုန်းချကာ ဆရာဝန်၏ အခခန်းထဲသို့ တံခါးဖွင့် ဝင်လာသည်။ရှုချင်းရီက အဝတ်ကိုမတင်ထားရင်းနှင့် တံခါးဖွင့်သံကြားသောအခါ လှည့်ကြည့်လာသည်။ သူမ၏ဖွေးဥနေသော အသားအရည်ပေါ်တွင် ဒဏ်ရာကထင်းနေသည်။ ဆရာဝန်ကြီးက ကုန်းကာ သူမပတ်တီးကို ဖြေနေသည်။ ကြည့်ရသည်မှာ သူမကိုဆေးပြန်ထည့်ပြီး ပတ်တီးပြန်စီးပေးမည့်ပုံပင်။
"law firmမှာ အရေးကြီးကိစ္စ ပေါ်လာလို့။ ခနနေရင် လာကြိုမယ်"
မော့ဟန်က ပြောသည်။ရှုချင်းရီက တိတ်ဆိတ်နေသည်။ သူမ၏ခံစားချက်များကို အခုအချိန်တွင် ထုတ်ပြောစရာအကြောင်းမရှိပါ။ သူမကခေါင်းကိုငုံကာ ဆရာဝန်ကြီးလုပ်သမျှကိုသာ ကြည့်နေသည်။
မော့ဟန်က အနားသို့လျှောက်လာကာ ကဒ်တစ်ကဒ်နှင့် ပိုက်ဆံအချို့ပေးခဲ့သည်။
"အချိန်မှီပြန်လာနိုင်မယ်တော့ မထင်ဘူး။ ဒီကဒ်ကိုယူပြီး အနီးဆုံးshopping mallတစ်ခုမှာ တစ်ချို့ဟာတွေသွားဝယ်ချေ။ ဈေးဝယ်ထွက်ပြီးရင် ဖုန်းဆက်လိုက်။ လာကြိုမယ်"ရှုချင်းရီက ခေါင်းမော့က လက်ခံရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် သာမန်လိုပင် ဆရာဝန်ကြီး၏ စားပွဲပေါ်တင်လိုက်ကာ
"ဟုတ်ကဲ့ နားလည်ပါတယ်။ လုပ်စရာရှိရင် အရင်သွားနှင့်ပါ"ဆရာဝန်ကြီးက ဒီနှစ်ယောက်ကြားက စိတ်ရှုပ်စရာအခြေအနေကို ကြည့်လိုက်သည်။ ဒီ"အကို"ဆိုတဲ့သူက တံခါးဖွင့်ပြန်သွားဖို့ နည့်နည့်လေးတောင် မတွေဝေဘူး။ ညီမကလည်း တစ်ချက်လေးတောင် လှည်မကြည့်ဘူး။ ဒီမှာဆရာဝန်လုပ်ပေးသမျှကို မတုန်မလှုပ်ငြိမ်ငြိမ်လေး ဆက်ထိုင်နေသည်။ ဒါကမောင်နှမတွေနဲ့ လုံးဝမတူလေဘူး။ နှစ်ယောက်လုံးက စိတ်တည်ငြိမ်လွန်းပြီး မောင်နှမတွေမှာတွေ့ရသည့် နူးညံ့မှုမျိုးမရှိချေ။
YOU ARE READING
If the Deep Sea forgets you (Myanmar Translation)
Mystery / ThrillerAuthor(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် ကောင်မလေးတစ်ယောက်ကို နာမည်ကြီးရှေ့နေကြီးတစ်ယောက်က ကယ်တင်မိရာကစပြီးတော့ . . . ရှေ့နေကြီးမှာ အကိုတစ်ယောက်အနေဖြင့် ထိုကောင်မလေးကို အိမ်ပေါ်ခေါ်တ...