75

4.3K 580 27
                                    

Unicode Ver

၇၅။ ငါ့ကိုချစ်လား?

မော့ဟန်က သူမပြောနေသမျှကို နားမထောင်ဘဲ သူမကို အိပ်ရာပေါ်သို့ ပစ်တင်နေသည်။ ထို့နောက် ထိုစောင်ခြုံပေးလိုက်ကာ
"စိတ်မပူနဲ့။ မင်းဒီည နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်မခြင်း ငါထွက်မသွားဘူး"

"ရှိနေလည်း အိပ်မပျော်ဘူး!"

"ငါထွက်သွားရင် မင်းအိပ်ရာပေါ်မှာ အိပ်မှာကို မဟုတ်တော့ဘူး"
မော့ဟန်က အရင်တုန်းက ရှုချင်းရီထိုင်နေသည့်နေရာတွင် ထိုင်လိုက်သည်။ ရှုချင်းရီက အိပ်ရာပေါ်မှာ လှဲနေသည်ကို မြင်သည့်အခါ သူစိတ်နည်းနည်းသက်သာသွားသည်။

"တကယ်အိပ်မရတာ။ အိပ်ပျော်သွားခဲ့ရင်တောင်မှ တော်ကြာဆိုရင် အိပ်မက်ဆိုးမက်ပြီး နိုးလာလိမ့်မယ်"
ရှုချင်းရီက သူမအမှန်အတိုင်းပြောဖို့ ဆုံးဖြတ်ပြီးသည့်အခါ ပြောသည်။

မော့ဟန်က သူမနှင့် စကားပြောလိုက်သည်။
"ဘယ်လိုအိပ်မက်ဆိုးမျိုးလဲ?"

ရှုချင်းရီက ပြောသည်။
"ဟိုးပင်လယ်အနက်ကြီးထဲမှာ အိပ်ပျော်နေတာမျိုး မက်တာ။ ညီမလေးအနောက်က အားတစ်ခုက ပိုနစ်အောင် ဆွဲချနေသလိုမျိုး။ ပတ်ဝန်းကျင်တစ်ခုလုံးက စေးကပ်နေပြီး သက်တောင့်သက်သာမရှိဘူး။ ကြမ်းပြင်ကလည်း မှောင်မည်းနေတော့ ဘာကိုမှ မမြင်ရဘူး။ ဆေးရုံမှာ ကိုမာဝင်နေကတည်းက အဲ့ဒီအိပ်မက်ကိုပဲ ဆက်တိုက်မက်နေတာ"

မော့ဟန်က ဖုန်းမီးကိုဖွင့်ကာ အံ့ဆွဲထဲမှ ဆေးပုလင်းတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် ဆေးတစ်ချို့ထုတ်ကာ ရှုချင်းရီကို ပေးလိုက်သည်။

"ဘာတွေလဲ?"

"အဖျားကျဆေး။ အိပ်ချင်စေတဲ့ဓာတ်နည်းနည်းပါတယ်။ သောက်လိုက်"

ရှုချင်းရီက စားပွဲပေါ်က ရေခွက်ကိုယူကာ မသောက်ချင်သော်လည်း သောက်လိုက်ရသည်။ ထို့နောက် မော့ဟန်ကို ကြည့်ကာ
"အခုအပြင်ထွက်လို့ရပြီ။ အိပ်ရာပေါ်မှာပဲအိပ်မှာပါ။ အိပ်မက်ဆိုးတွေမက်ရင်တောင် အိပ်ရာပေါ်မှာပဲ ဆက်အိပ်ပါ့မယ်"

မော့ဟန်က အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်ကာ
"မင်းအိပ်ပျော်သွားရင် ထွက်သွားမှာပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now