187

2.8K 238 0
                                    

Unicode Ver

၁၈၇။ အေးစက်သည့်အလှလေး

ဒီလူတွေဘာကြောင့် အံ့သြသွားရသလဲဆိုတာကို သူမသိပါသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဒီကိုရောက်လာတာမှ ၄နှစ်ပဲရှိသေးသလို တတိယသခင်လေးအား ဘယ်သူကမှ ဒီလိုမပြောရဲသောကြောင့် ဖြစ်သည်။

တတိယသခင်လေးက သူမကိုပြုံးကြည့်ကာ
“သူထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ?”

“လက်တစ်ဖက်လောက်ချန်ထားလိုက်ရင် ဂိုဏ်းအတွက် အလုပ်အများကြီး လုပ်ပေးနိုင်သေးတယ်”

“ငါတို့အတွက် အလုပ်လုပ်စေချင်တာလား? ဒါဆိုရင်တော့ သူ့ကိုမင်းလက်ထဲကို ထည့်လိုက်ပြီ။ မင်းအမိန့်ကို သူနာခံရလိမ့်မယ်။ အဓိပ္ပာယ်တော့ ရှိသားပဲ”
တတိယသခင်လေးက လေသံပြောင်းသွားကာ
“ဘာဖြစ်လို့ သူ့ကိုရှင်စေချင်နေတာလဲ?”

သူမသည် ဘာကိုမှ ပြန်မဖြေရဲပေ။

တတိယသခင်လေးက ပြောသည်။
“နင်စကားစပြောတာ ရှားလွန်းတော့ ငါဘယ်လိုလုပ် ငြင်းနိုင်မှာလဲ?  နင်ပြောသလို လုပ်လိုက်မယ်။ သူ့လက်တစ်ဖက်နဲ့ အသက်ကို ချမ်းသာပေးလိုက်တာပေါ့”

သူမသည် ဘာအမူအယာမှမရှိဘဲ ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြရင်း ဘယ်သူ့ကိုမှ မကြည့်ဘဲ ထွက်လာခဲ့သည်။ ရှောင်ယဲ့ကို ဘာဖြစ်လို့ ကယ်မိသလဲဟု သူမပြန်တွေးကြည့်သည့်အခါ သူ့တောက်ပသည့် မျက်လုံးများကြောင့်သာ ဖြစ်သည်။ ထိုမျက်လုံးများက တတိယသခင်လေးနှင့် စတွေ့တုန်းက ဒူးထောက်ကာ မော့ကြည့်လိုက်သည့် သူမ၏မျက်လုံးများနှင့် ဆင်နေ၍ဖြစ်သည်။ အကုန်လုံးကို စွန့်လွှတ်ကာ ဆုံးရှုံးနေရသော်လည်း ကြောက်လန့်ခြင်း လုံးဝမရှိသည့် မျက်လုံးများ ဖြစ်သည်။

တတိယသခင်လေးက ရှောင်ယဲ့ကို သူမဆီသို့ ဆွဲခေါ်လာသည့်အချိန်တုန်းက သူ့ဒဏ်ရာတွေမှာ ကျက်သွားပြီ။ အမာရွတ်တို့က ရှိနေသော်လည်း ထိုကောင်လေး၏ ငယ်ရွယ်ကာ နူးညံ့သည့်အသွင်က ပျောက်မသွားပေ။ သူသည် တတိယသခင်လေး၏အရှေ့တွင် ဒူးထောက်ကာ ထိုင်နေသည်ကို ကြည့်ရသည်မှာ ထိုနေ့ကထက် ပို၍နာခံတက်သည့်ပုံ ဖြစ်လာပြီ။ တတိယသခင်လေးက သူမအား ရှောင်ယဲ့ကို ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် အရင်လိုက်ပြထားကာ သူမအလိုရှိသလိုသုံးဟု ပြောခဲ့သည်။

တတိယသခင်လေး ထွက်သွားသည့်အခါ ရှောင်ယဲ့သည် သူမ၏ဘေးကနေ လိုက်လာသည်။ သူမလုပ်စရာရှိသည်များကို ဆက်လုပ်ရန်ပြင်ချိန်တွင် ရှောင်ယဲ့က သူမအား ကျေးဇူးတင်ကြောင်းပြောသည်။ သူမသည် ရှောင်ယဲ့နှင့် ရင်းနှီးချင်စိတ်မရှိသောကြောင့် သူ့အား သူမသည် စကားပြောခဲသည်။ စကားပြောလျှင်လည်း အေးတိအေးစက်ပဲ ပြောလေ့ရှိကာ ပြောပြီးသည်နှင့် လှည့်ထွက်သွားတက်သည်။

ထို့နောက်တွင်လည်း သူမသည် အရင်တုန်းကလိုသာ အေးတိအေးစက်ဖြင့် တိုက်ခိုက်ရာတွင် ညှာတာမှုမရှိ ရက်စက်သလို သူမ၏ပစ်မှတ်ကိုသာ ဆွဲဆောင်မှုရှိစွာ ပြုံးပြလေ့ရှိသည်။ သို့သော်လည်း သူမ၁၉နှစ်ပြည့်သည့် ညတွင် အရာအားလုံး ပြောင်းလဲခဲ့သည်။

ထိုညတုန်းက သူမသည် တတိယသခင်လေးပေးသည့် တာဝန်တစ်ခုကို ပထမဆုံးအကြိမ် ရှုပ်ထွေးမိစေသည်။ အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်း အဆင်ပြေနေသော်လည်း သူမသည် ဟိုတယ်၏အခန်းထဲမှ ရေတစ်ခွက်ကို သောက်မိလိုက်သည်။  သူမလိုချင်သည်ကို ရသည့်အခါ သန့်စင်ခန်းထဲသို့ ခနသွားမည်ဟု အကြောင်းပြကာ သူမလူတွေကို စောင့်နေသည်။
သို့သော်လည်း သူမသန့်စင်ခန်းသို့ဝင်သည့်အခါ မူးဝေလာသဖြင့် ထိုရေတွင် ဆေးခပ်ထားမှန်း သူမသိလိုက်ရသည်။ သူမသည် မူးသထက် မူးလာကာ ခေါင်းကိုမထိုင်နိုင်တော့ပေ။ သူမ၏ကိုယ်သည်လည်း ဂျယ်လီလို ပျော့ခွေလာကာ နံရံကိုမှီရင်း မနည်းရပ်နေရသည်။

သူမသည် မျက်နှာသစ်လိုက်ရန် အားတင်းက လျှောက်သော်လည်း ကြမ်းပြင်က ရေစိုနေသည့်အခါ သူမချော်လဲတော့သည်။ သူမ၏အသံကိုကြားသည့်အခါ အပြင်ဘက်ကလူမှာ တံခါးခေါက်ပြီး ဘာဖြစ်နေသလဲကို မေးသည်။ သူမသည် အရင်လို အသံချိုချိုလေးဖြင့်
“ဘာမှမဟုတ်ပါဘူး။ ခနလေးစောင့်နော်”

သူမသည် ဘေစင်ကိုအားပြုကာ ပြန်ထလိုက်သည်။ သူမခြေထောက်တွေက တုန်ရီနေကာ သေချာမရပ်နိုင်ပေ။ တစ်လောကလုံးသည် ချာချာလည်နေသလို ခံစားနေရသဖြင့် ဒီတိုင်းဆက်သွားလို့ မဖြစ်ကြောင်းကို သူမသိလိုက်သည်။ ထို့ကြောင့် သူမဖုန်းကိုရှာကာ သူမတို့လူများကို မြန်မြန်လာကြရန် ပြောလိုက်ချင်သော်လည်း ဖုန်းလိုင်းကကျနေသည်။

အပြင်ကလူသည် သူမအား  စကာမေးနေသည်။
“ကလေး! ကလေး! ပြီးပြီလား? ဘာမှပြန်မပြောရင် ဝင်လာတော့မှာနော်”

“ခနလေး ၂မိနစ်လောက်ပဲ”
သူမ၏အခြေအနေမှာ မကောင်းတော့ပေ။ ဟိုတယ်အခန်းအတွင်းတွင်လည်း သူမနှင့် ဒီလူသာ ရှိလေသည်။ ထို့အတူ သူမ၏လူများကလည်း ဘယ်အချိန်မှ ရောက်လာမလဲ မသိပေ။  ဒီလိုမျိုးအခြေအနေဖြင့်တော့ သူမလျှောက်မထွက်သွားနိုင်ပေ။ ထို့ကြောင့် သူမသည် အဝတ်များကို ချွတ်လိုက်ပြီးနောက် အဝတ်ထဲတွင် ဝှက်လာသည့် အရေးပေါ်ဓားကိုထုတ်လိုက်ကာ နောက်ကျောကို မျက်လုံးစုံမှိတ်၍ ရက်စက်စွာ ခွဲချလိုက်သည်။ သွေးများက တလဟောထွက်လာကာ နာကျင်မှုကြောင့် ဦးနှောက်က အလုပ်လုပ်လာကာ အနည်းငယ် အမူးပြေသွားသည်။ ထို့နောက်  သူမသည် အံကြိတ်ကာ ဒဏ်ရာကို ဟိုတယ်က ပုဝါဖြင့်သာ စီးနှောင်လိုက်သည်။

အပြင်ကလူကတော့ လောနေသည်။
“ဘယ်တော့ပြီးမှာလဲ. . .စောင့်နေရတာ ကြာနေပြီ. . .”

သူမ၏ဒဏ်ရာကို မမြင်ရအောင် ရေလဲဝတ်စုံကို ဝတ်လိုက်ကာ သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ရင်း
“လာပြီ. . .အကျီဝတ်နေလို့”

အပြင်ဘက်ကလူက တံခါးကိုဖွင့်ရန် သော့ကိုထုတ်နေပြီ။ ရှုချင်းရီသည် ရေလဲဝတ်စုံကို တင်းတင်းဆုပ်ကိုင်ကာ ဆွဲဆောင်မှုပြင်းသည့်အပြုံးဖြင့် ထိုလူအား
“ဘာဖြစ်လို့ လောနေတာလဲ. . .ရေချိုးလို့ ပြီးတဲ့အထိတောင် မစောင့်နိုင်တော့ဘူးလား?”

ထိုလူက သူမ၏ခါးကိုဖက်လိုက်သည့်အခါ ဒဏ်ရာကိုမထိမိ၍ သူမသက်ပြင်းခိုးချမိသည်။ သူမ၏နောက်ကျောကို မမြင်စေချင်ပေ။ သူမနောက်ကျောတွင် သွေးတို့ဖြင့် စိုရွှဲနေလောက်ပြီ။ သူမ၏ဒဏ်ရာမှ နာကျင်မှုကြောင့် သူမသည် သတိရှိနေကာ မြူဆွယ်သလို ဟန်ဆောင်နေနိုင်သေးသည်။

ထိုလူက သူမ၏ရင်ဘတ်ကို ကိုင်သည့်အခါ သူမသည် ဆက်မရွေ့စေရန် ထိုလူ၏လက်ကို ဖမ်းလိုက်သည့်အခါ ထိုလူက အပြုံးဖြင့်
“ကောင်မလေး. . .ဒီနေ့ည ငါနဲ့ကစားမယ်လို့ ကတိပေးထားတယ်မလား. . .ဘာဖြစ်လို့ ရှောင်နေတာလဲ?”

“ဘာဖြစ်လို့ လောနေတာလဲ? ရှင်တောင် မပျော်ရသေးဘူးလေ”
သူမ၏ခေါင်းသည် ပြန်မူးလာသဖြင့် သူမ၏ဒဏ်ရာကို မသိမသာ ပြန်စွလိုက်ကာ တည်ငြိမ်အောင် ပြောလိုက်ရသည်။ သူမသည် သွေးထွက်ပြီး နာလာမှသာ ပြန်သတိကပ်လာပြီး ထိုလူအား ဝိုင်ခွက်ကို ပေးလိုက်သည်။
“အရင်နည်းနည်းသောက်ပြီး ကိုယ်ကိုနွေးအောင် လုပ်လိုက်ပါဦး။ ပြီးမှရှင့်စိတ်တိုင်းကျပေါ့”

ထိုလူသည် ပြုံးသွားကာ သူမအား စူးရှစွာကြည့်ကာ
“တကယ်လား?”

ထိုလူသည် သူမ၏အရှေ့တွင် စတိုင်အပြည့်ဖြင့်ထိုင်ကာ သူမကို ရွံ့ဖို့ကောင်းစွာ ကြည့်ရင်း ဝိုင်သောက်နေသည်။ သူမသည် တတိယသခင်လေးမှာလိုက်သည့် “ပစ္စည်းကိုပဲယူ လူကိုထိခိုက်အောင် မလုပ်နဲ့”ဆိုသည့် စကားကို ပြန်သတိရသွားသည်။ ထို့ကြောင့် သူမသည် ဓားဖြင့် လည်ပင်းကိုလှီးပစ်ချင်စိတ်ကို မနည်းထိန်းနေရသည်။ ဤသို့ဖြင့် သူမ၏လူများရောက်လာမည့်အချိန်ကိုပဲ စောင့်နေရသည်။

သူမသောက်လိုက်သည့်ခွက်တွင် ဆေးခတ်ထား၍လား သူမ၏လူတို့မှာ တစ်ခုခုဖြစ်နေ၍လား မသိဖြစ်နေကာ တံခါးခေါက်သံသည် အချိန်ကြာသည့်တိုင်အောင် ထွက်မလာသေးသလို သူမခံစားနေရသည်။

တဖြည်းဖြည်းဖြင့် သူမသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ဆေးအစွမ်းက တဖြည်းဖြည်းပြင်းလာကာ သူမ၏ကျောကဒဏ်ရာသည်လည်း ဒီမူးဝေမှုကို မတားနိုင်တော့ပေ။ တံခါးခေါက်သံမှာလည်း ပေါ်မလာသေးပေ။ သူမ၏မျက်လုံးများသည် ဖွင့်ထားသည်ဟု သူမထင်သော်လည်း ဘာကိုမှမမြင်ရတော့ကာ သူမဘေးမှ ထိုလူ၏လှောင်ရယ်သံကိုသာ ကြားရတော့သည်။
“ဒီလောက် အချိန်ကြာအောင် ထိန်းနိုင်တာပဲ. . .”

ထိုလူက သူမ၏နားထဲသို့ ကပ်ပြောသည်။
“ငါ့ပစ္စည်းကိုယူထားတာတောင် ငါ့ကိုမင်းကိုယ်ကို မပေးနိုင်ဘူးလား? အရှက်မရှိလိုက်တာ!”

ထိုလူ၏မျက်နှာသည် သူမနှင့်နီးကပ်လာသည်ကို မမြင်ရသော်လည်း ခံစားမိနေသည်။ သူမသည် ရပ်မနေနိုင်တော့ဘဲ လဲကျသွားတော့သည်။

“အားကိုခြွေတာစမ်းပါ. . .ဆေးက မင်းထင်တာထက် ၃ဆလောက် ပိုပြင်းတယ်။ မနက်ဖြန်ဆိုရင် မင်းလမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီတိုင်းငြိမ်ခံနေလိုက်တော့”

သူမသည် ပါးစပ်ဟကာ ထိုလူကိုဆဲပစ်ချင်သော်လည်း သူမသည်  စကားကိုတောင် မနည်းပြောနေရသည်။
“နောက်ရက်ကျရင်. . .ရှင့်ဘဝက . . .ဆိုးဝါးသွားလိမ့်မယ်. . .”

“ဟား ဟား အလှလေးက အရမ်းအေးစက်တာပဲ. . .ငါကြားဖူးတာတော့  တတိယသခင်လေးရဲ့ ဘေးကကောင်မလေးက ငယ်သေးပင်မယ့် တော်တယ်တဲ့။ အခုလို မင်းနဲ့အခုတွေ့ရတော့မှ အမှန်ဆိုတာကို သိရတော့တယ်”
ထိုလူယုတ်မာလက်များက သူမ၏ရင်ဘတ်ပေါ်တွင်ရှိနေသောကြောင့် ရှုချင်းရီသည် အန်ချင်လာသည်။ သို့သေည်လည်း သူမသည် ဘာအင်အားမှမရှိကာ ကြမ်းပြင်ပေါ်တွင် လဲနေကာ ထိုလူ၏စိတ်ကြိုက်အနမ်းခံနေရသည်။

ထိုအချိန်တွင်ပဲ အပြင်ဘက်မှ တံခါးကို တဒုန်းဒုန်းထုသံ ထွက်လာသည်။ ရှောင်ယဲ့နှင့် အခြားသူများသည် သူမအား လာခေါ်ကြရမည် ဖြစ်သော်လည်း လမ်းတွင် အတိုက်ခံရသဖြင့် အချိန်ကြာသွားခြင်း ဖြစ်သည်။ ထိုအခါ ရှောင်ယဲ့သည် လီနာတစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း သိသွားကာ သူမဆီသို့ အမြန်တိုက်ခိုက်ရင်း ရောက်လာခဲ့တာဖြစ်သည်။

တံခါးကိုဖျက်ဝင်လိုက်သည့်အခါ လူကြီးတစ်ယောက်က လီနာ၏အပေါ်တွင် နေရာယူထားကာ လီနာကတော့ ဘယ်လိုမှမလှုပ်နိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ရှောင်ယဲ့သည် ဘာကိုမှ ညှာတာမနေဘဲ ထိုလူ၏ခေါင်းကို စောင့်ကန်ပစ်လိုက်သည်။ ထိုလူသည် သူမ၏အပေါ်မှကွာသွားမှသာ လီနာသည် အဝတ်များကို လုံခြုံအောင် ပြန်ဝတ်နိုင်တော့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now