155

3K 298 3
                                    

Unicode Ver

၁၅၅။ ကြမ်းတမ်းသည့်အနမ်း

"မင်းကို ဖက်လုံးယူမသွားခိုင်းရလောက်တဲ့အထိ ငါမကပ်ပါဘူး"
မော့ဟန်၏လေသံက အေးစက်နေသည်။

ရှုချင်းရီ၏ခေါင်းက ပိုငုံသွားသည်။ ခနလောက်ကြာမှ သူမပြောသည်။
"ဒီကိုလာတာက. . .ကျောင်းနားဖို့ကိစ္စအတွက်လာတာ။ ဟိုမှာတက်လက်စကျောင်းရှိတယ်လို့ ဟန်လျန်က ပြောတယ်။ ဒီဇိုင်းကျောင်းတစ်ခုပဲ။ သိပ်မကြာခင် ပြန်တက်ရတော့မှာ"

"တစ်ရက်လေးပဲ ရှိသေးတာကို မင်းရဲ့အရာခပ်သိမ်း ဟန်လျန်က ဆုံးဖြတ်ပေးနေပြီလား? မင်းကလည်း သူပြောသမျှ ခေါင်းငြိမ့်လက်ခံလိုက်တာပဲ။ သူ့ကို တကယ်ချစ်လို့ သူ့မိန်းမလုပ်တော့မလို့လား?"
ရင်ဘတ်ထဲမှာ နာကျင်လွန်းသောကြောင့် မော့ဟန်သည် ဘာကိုဂရုမစိုက်နိုင်တော့ပေ။

"မဟုတ်ပါဘူး. . .အဲ့လိုကြီးတော့ . . ."
ရှုချင်းရီက အမြန်ရှင်းပြသည်။

မော့ဟန်က သူမအနားသို့ တစ်လှမ်းချင်းကပ်လာကာ လှောင်ရယ်ရင်း
"အဲ့လိုမဟုတ်ဘူးဆိုရင် ဘာလဲ? သူ့အတွက် ကလေးမွေးပေးချင်လို့လား?"

ရှုချင်းရီက နောက်ကို သူတစ်လှမ်းတိုးလာတိုင်း တစ်လှမ်းဆုတ်မိနေသည်။ မော့ဟန်၏အကြည့်များက သူမအား ကြောက်လန့်စေကာ သူမ၏ရင်မှာ မရပ်မနားခုန်နေသည်။ သူမ၏ ခြေလှမ်းတွေက တုန်ရီနေကာ နောက်ကစားပွဲကိုပင် ကျောဖြင့်ထိသွားသည်။ မော့ဟန်ကတော့ သူမအရှေ့သို့ ဆက်လျှောက်လာသည်။

စားပွဲခံနေသဖြင့် နောက်ကိုဆုတ်စရာမရှိတော့သည် ရှုချင်းရီသည် မော့ဟန်နှင့် အရမ်းကပ်သွားသည်။ သူမသည် လန့်ခုန်မိတော့မတက်ဖြစ်နေကာ ရင်ခုန်သံများကလည်း ထိန်းမနိုင်သိမ်းမရပင်။ သူတို့၏ အသက်ရှုသံတို့ကတောင် သူတို့မျက်နှာတွေကို ရိုက်ခတ်နေသည်။

"ရှုချင်းရီ. . .ဘာဖြစ်လို့ မင်းဒီလိုမျိုးမှန်း ငါမသိခဲ့ဘူး။ မင်းမလိုချင်တာနဲ့ တစ်စုံတစ်ခုကို ဒီလိုပဲ လွှတ်ပစ်တက်တယ်လား?"
မော့ဟန်က မေးသည်။

ရှုချင်းရီက ကြောက်လန့်တကြား မော့ဟန်ကို ကြည့်ကာ
"ကိုကြီး. . . ညီမလေး မရည်ရွယ်. . ."

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now