41

4.6K 622 4
                                    

Unicode Ver

၄၁။ အကျီပေါ်သွားသည့်အခါ

မော့ဟန်က မျက်လုံးမှိတ်လိုက်ပြီး
"လေကန်မနေနဲ့တော့။ မီးပိတ်လာပြီး အိပ်တော့"

ရှုချင်းရီ မီးပိတ်ကာ ကုတင်ပေါ်တက်အိပ်လိုက်သည်။ မော့ဟန်ကုတင်ပေါ်မှာ အိပ်ရတာဖြစ်သောကြောင့် သူမစိတ်ငြိမ်သွားသည်။ မသေချာသည်များကို သူမစဉ်းစားချင်တော့ပေ။ ဖြစ်လာကာမှ အကောင်းဆုံးဖြေရှင်းတော့မည်။ အခုတော့ သူမလက်ရှိအချိန်ကို တန်ဖိုးထားကာ ပျော်ပျော်နေတော့မည်။

နောက်နေ့မနက်မှာတော့ သူမက ထုံးစံအတိုင်း မော့ဟန်နှိုးမှ နိုးလာသည်။ သူမမျက်လုံးပွင့်လာသည့်အချိန်တွင် မော့ဟန်က ဝတ်စုံအပြည့်ဝတ်ပြီးသားဖြစ်သည်။ မော့ဟန်က စားပွဲဘေးတွင်ရပ်ကာ စာရွက်စာတမ်းများကို ကြည့်နေသည်။

"နိုးနေရင်လည်း မြန်မြန်ထတော့။ ထမင်းစားခန်းထဲက စားပွဲပေါ်မှာ မနက်စာပြင်ထားပြီးသား"

"ဟုတ်ကဲ့ . . .ဒါနဲ့ ဘယ်နှစ်နာရီရှိပြီလဲ?'
ရှုချင်းရီက မျက်လုံးပွင့်မလာသေးဘဲ အိပ်ချင်မူးတူးဖြင့် မေးသည်။

"၈နာရီထိုးနေပြီ။ အတန်းမရှိဘူးလား?"

ရှုချင်းရီ၏ အိပ်ချင်မှုများမှာ အစအနတန်းပျောက်သွားသည်။ သူမက ရေပက်ကာ နှိုးခံလိုက်ရသည့်သူလို တန်းထကာ
"အာ. . .မဖြစ်ဘူး! အတန်းရှိတယ်! ဘယ်လိုလုပ်ရပါ့!"

"ခနနေရင် လိုက်ပို့ပေးမယ်"
မော့ဟန်က သူ့နက်ကတိုင်ကို အမြန်ချည်ပြီးသည့်အခါ နာရီကိုကြည့်ရင်းပြောသည်။

မော့ဟန်လိုက်ပို့ခြင်းက လိုင်းကားစီးရမည်ထက် ပိုမြန်မည်ကို တွေးမိသောအခါ ရှုချင်းရီက အပျင်းကြီးစွာ အိပ်ရာပေါ်သို့ ခနမှေးအိပ်ရန် စောင်ခြုံကာ ပြန်လှဲသွားသည်။

ထမည့်ပုံမရှိသည့် ရှုချင်းရီကိုမြင်သည့်အခါ မော့ဟန်က စောင်ကိုဆွဲခွာရင်း ဆူတော့သည်။
"ထတော့! အတန်းနောက်ကျမှ ကိုကြီးကြောင့်ဆိုပြီး လာမလုပ်နဲ့"

ရှုချင်းရီက နှုတ်ခမ်းလေးကိုဆူကာ လည်ပင်းလေးကို ပွတ်ရင်း ထလာသည်။ သက်သောင့်သက်သာရှိလွန်းသည့် မော့ဟန်အိပ်ရာကြောင့် သူမက ကောင်းကောင်းအိပ်ပျော်ခဲ့သည်။ သူမဆံပင်တွေက ငှက်သိုက်လိုပွနေကာ အကြောဆန့်ပြီး သန်းဝေကာ ရေချိုးခန်းသို့ သွားသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now