163

3K 308 10
                                    

Unicode Ver

၁၆၃။ လက်ကိုလွှတ်

"သူ့ကိုကြည့်ရတာ အဲ့လိုဟုတ်ပုံမရပါဘူး။ အဲ့ဒီနေ့တုန်းက နင့်ဘေးမှာ အကြာကြီးထိုင်သွားတာ။ ကော်ဖီသောက်နေတာအပြင် ဘာမှမလုပ်ဘူး။ နင်နိုးလာတဲ့အထိ စောင့်မယ်ထင်နေပင်မယ့် နင်ကအကြာကြီးအိပ်နေတော့ သူလည်းမစောင့်ဘဲ ထွက်သွားတာ"

ရှုချင်းရီသည် သူစိမ်းတစ်ယောက်ဆီမှ မော့ဟန်၏အကြောင်းကို ကြားရသည်မှာ မသင့်တော်ဘူးဟု ခံစားမိသည်။ ထိုမိန်းကလေးက ဆက်စကားပြောရန်လုပ်နေသောကြောင့် သူမပြန်ရန်လုပ်လိုက်သည်။
"လုပ်စရာရှိသေးလို့. . .နောက်ကျရင်. . .အချိန်ရရင်. . .ကျွန်မတို့ဆက်ပြောကြတာပေါ့"

ရှုချင်းရီက သူမပြောနေသည်များကို ဆက်နားမထောင်ချင်တော့သောကြောင့် ချက်ချင်းဆိုင်ထဲက ထွက်လာသည်။ သူမလမ်းလျှောက်နေရင်းဖြင့် ထိုမိန်းကလေး ပြောသည့်စကားများကို ပြန်ကြားယောင်နေရင်းမှ တစ်ခုခုကို သူမသတိရသွားသည်။ သူမခြေလှမ်းတွေကို ရပ်လိုက်ကာ အိတ်ထဲကို လှန်လှောကြည့်လိုက်သည်။ အခုတလော သူမ၏အိပ်ဆေးတွေ လျော့သွားသည်ဟု သူမစိတ်ထင်နေခဲ့တာဖြစ်သည်။ အခုတော့ သူမအဖြေသိသွားပြီ။ သူမအိပ်ပျော်နေသည့်အချိန်တွင် မော့ဟန်က ဆေးတစ်ချို့ကို လွှတ်ပစ်လိုက်တာ ဖြစ်မည်။

ရှုချင်းရီက ဖုန်းကိုထုတ်ကာ မော့ဟန်အား ဖုန်းခေါ်သင့် မခေါ်သင့် တွေးနေမိသည်။ သို့သော်လည်း မခေါ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူလာခဲ့သည့်အကြောင်း သူမကိုအသိမပေးချင်မှာ သူမအား မသိစေချင်လို့သာ ဖြစ်လိမ့်မည်။ သူမကိုလည်း သူ့အားအဆက်အသွယ်မလုပ်ဖို့ ပြောသွားခဲ့သည်လေ။ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ?

ထိုအချိန်တွင်ပဲ ဟန်လျန်က သူမအား ဖုန်းခေါ်လာသည်။
"ဟယ်လို ဘယ်မှာလဲ?"

"လမ်းပေါ်မှာ။ တော်ကြာ အိမ်ပြန်လာခဲ့မယ်"

"အိမ်ကိုမပြန်နဲ့။ ကိုယ့်ဆီကိုလာခဲ့။ ညန်ညန်လုပ်စရာတစ်ခု ဒီမှာရှိတယ်"

"ဘာလဲ?"

"ဘယ်လိုလာရမလဲသိတယ်မလား။ ရှောင်မေးတို့ဆိုင်မှာ ကိုယ်ရှိနေမယ်။ မလာတက်ရင် တက်စီစီးလာခဲ့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now