178

3.2K 331 10
                                    

Unicode Ver

၁၇၈။ ရည်းစားဟောင်း

"ငါအလုပ်တွေကို လက်စသတ်ပြီးတာနဲ့ လာခဲ့မယ်"

ရှုချင်းရီက ပြုံးလိုက်ကာ
"ဟုတ်ပြီ ဒါဆိုရင် စောင့်နေမယ်။ လက်မှတ်ရောင်းတဲ့ နေရာနားမှာပဲရှိမယ်"

"အင်း။ တခြားပြောစရာရှိတော့ရင် ဖုန်းချတော့မယ်"

သူတို့ဖုန်းချလိုက်သည့်အခါ ရှုချင်းရီသည် လက်မှတ်ကိုကိုင်ကာ ပျော်ရွှင်စွာ ထိုင်စောင့်နေသည်။ ဘာမှမဖြစ်ခဲ့သလို အရင်တုန်းကလိုမျိုး သူမတို့ပြန်နေရသည်မှာ သူမအတွက် အရမ်းကောင်းလွန်းသည်။ သူမ၏ဘေးနားတွင် မော့ဟန်ရှိနေသောကြောင့် သူမအထီးကျန်ရမှာ မဟုတ်တော့ပေ။

သိပ်မကြာခင်မှာပဲ မော့ဟန်ကရောက်လာသည်။ ရှုချင်းရီက
"နောက်ကျမှ ရောက်လာမယ်ထင်တာ"

"အလုပ်ပြီးတာနဲ့ ချက်ချင်းလာခဲ့တာ"

ထို့နောက်တွင် ရုပ်ရှင်ပြမည့်အချိန်သို့ ရောက်လာသည်။ ရှုချင်းရီကြည့်ချင်သည့်ရုပ်ရှင်မှာ ကြောက်ဖို့ကောင်းသည့်နိုင်ငံခြားကားဖြစ်သည်။ ရုပ်ရှင်၏ ကြောက်ဖို့ကောင်းသည့်အပိုင်းများကို ရောက်သည့်အခါ ရှုချင်းရီဘေးမှ မော့ဟန်သည် ထူးမခြားသာဖြစ်သည်။ ရှုချင်းရီကို ကြည့်လိုက်သည့်အခါ သူမသည် အရမ်းကြောက်နေ၍ တုန်နေသည်။ မော့ဟန်ကတော့ ရုပ်ရှင်ကိုမကြည့်တော့ဘဲ သူမကိုသာ ငေးကြည့်နေမိသည်။ မော့ဟန်သည် သူမအား သဘောကျနေခြင်းကို ရပ်တန့်၍ မရနိုင်ကြောင်း သိလိုက်ရသည်။

ရုတ်တရပ် ရှုချင်းရီသည် လန့်သွားကာ ခုံလက်တန်းပေါ်တင်ထားသည့် သူ့လက်ကိုလာကိုင်သည်။ မော့ဟန်သည် ရင်ခုန်သွားသည်။ မော့ဟန်က သူမ၏လက်ကိုဖယ်ရန် လုပ်လိုက်သော်လည်း ရှုချင်းရီကတော့ သူ့လက်ကိုတင်းနေအောင် ဆုပ်ကိုင်ထားသည်။ သူမသည် သေမလောက် ကြောက်နေသော်လည်း ရုပ်ရှင်ကိုတော့ မျက်တောင်တစ်ချက်မခတ်ဘဲ ဆက်ကြည့်နေသည်။ သူမသည် သူ့လက်ကို ကိုင်ထားမိကြောင်းကို သတိထားမိပုံမရပေ။

မော့ဟန်က ရှုချင်းရီ၏လက်ကိုမဖယ်တော့ဘဲ သူမလက်ပေါ်တွင် သူ့နောက်လက်တစ်ဖက်ဖြင့် ထပ်ကိုင်လိုက်ကာ ရုပ်ရှင်ကို ဆက်ကြည့်နေသည်။ သို့သော်လည်း သူ့အာရုံကတော့ သူမ၏လက်ပေါ်တွင်သာ ရှိလို့နေတော့သည်။ ဤသို့ဖြင့် မော့ဟန်သည် ဇာတ်ကားဆုံးသည့်အထိ မလှုပ်ဘဲငြိမ်နေခဲ့သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now