လူသားသစ္စာ စာစဉ် (၂၉)
ဘာသာပြန်ဆိုသူ ..... ကြည်ဖြူ (ရိုးရာ)အခန်း (၄၀၁) : အင်မော်တယ်တပိုင်း နယ်ပယ်
မိုဝူကျီ ကန်ရွယ်စကားကို စိတ်ထဲ မထားဘဲ တျန်းဂျီတုတ်ဖြင့် နံရံကို ဆက်ရိုက်လိုက်သည်။
ဤတစ်ကြိမ်တွင် မိုဝူကျီက သူတို့အကူအညီ မလိုအပ်တော့သောကြောင့် မည်သူမျှ ပါမလာတော့ပေ။ မိုဝူကျီက အားကုန်သုံး၍ ရိုက်လိုက်သည့်အခါ ကျယ်လောင်သည့် အက်ကွဲသံနှင့်အတူ ကျောက်တုံးကြီး ကျလာသည်။
ဧရာမအပေါက်ကြီး ပေါ်လာသောကြောင့် အားလုံးက ပါးစပ်ဟောင်းလောင်း ကြည့်လိုက်ကြပြီး စိတ်စွမ်းအားဖြင့် အာရုံခံလိုက်ကြသည်။ မကြာခင်တွင် လူအများက ထိုအတွင်းပေါက် အဆုံးမှာ ဘယ်ကို ဦးတည်နေကြမှန်း မသိကြပေ။ သူတို့စိတ်စွမ်းအားဖြင့် အဆုံးထိ အာရုံခံ၍ မရပေ။ ထိုမျှတင် မကဘဲ ထိုအပေါက်ကြီးမှာ သာမာန်နှင့် တူကာ တည်ငြိမ်နေဟန် ရှိသော်လည်း တကယ်တမ်းတွင် အဆုံးမဲ့ဓားသွားများ ပျံသန်းနေသည့်အလား ဂယက်ထနေပေသည်။
“ ဒါက ... အင်မော်တယ် လောကကို ဦးတည်နေတဲ့ လမ်းကြောင်းများလား ” ခဏအကြာတွင် မုယင်ချောင်က လှည့်ကာ ပြောလိုက်သည်။
ပြန့်ရွမ်းပိက မိုဝူကျီကို ကြည့်ကာ “ တာအိုရောင်းရင်းမို က ဒီနေရာကို ဖွင့်ခဲ့တာဆိုတော့ ဒီနေရာကို ဘယ်ဟာ ထင်လဲ ...”
မိုဝူကျီလည်း အားလုံးနီးတူ အံ့ဩနေမိသည်။ အစပိုင်းတွင် သူက အစီအရင်နောက် လိုက်လာခဲ့ရုံမျှသာ ဖြစ်ပြီး နံရံနှင့် အစီအရင်ကို ဖျက်စီးပြီးနောက်တွင် ချောက်နက်အတွင်း ဤသို့သော နေရာမျိုး ရှိနေလိမ့်မည်ဟု ထင်မထားပေ။ တခြားလူများ၏ စိတ်စွမ်းအားမှာ အဆုံးကို အာရုံခံ၍ မရသည့်အတွက် မိုဝူကျီလည်း အာရုံမခံနိုင်ချေ။
ယခု ပြန့်ရွမ်းပိက မေးလိုက်သောကြောင့် သူက ခဏတာ စဉ်းစားလိုက်ပြီး “ ကျုပ်လည်း မပြောတတ်ဘူး ဒါပေမဲ့ ဒီနေရာမှာ လမ်းကြောင်းတစ်ခု ရှိတာတော့ သေချာတယ် ... ”
မည်သူမျှ ဆက်မပြောတော့ပေ။ မည်သူမျှ အရင်ဦးဆုံး မဝင်ရဲကြပေ။ သူတို့ကိုယ်ပိုင် စိတ်စွမ်းအားက ဤအတွင်းပေါက်မှာ ဘာဆိုဘာမျှ မရှိဘဲ အေးချမ်းမှုနှင့် တည်ငြိမ်မှုသာ ရှိကြောင်းလည်း ညွှန်ပြနေသည်။

ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author