မီးလျှံတောင်ကြားမှ ထွက်ခွာခြင်း

214 28 1
                                    


ကျန်းစီကျူးဟာ ထိုခဏအတွင်းမှာပင် သူမ၏ သိဒ္ဓိ စွမ်းအင် သိသိသာသာ တိုးလာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် နားအတွင်းသို့ ဝူးဝူးဝါးဝါးအော်ဟစ်နေသော မှော်သတ္တဝါများ၏ အသံက ဝင်ရောက်လာခဲ့သည်။

သူမက မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်သည်။ ရန်ရိရှင်းက သူမကို စိုးရိမ်တကြီးမျက်နှာဖြင့် စိုက်ကြည့်နေသည်။ မှော်သတ္တဝါ ၅ ကောင်ကလည်း ဝူးဝူးဝါးဝါးဖြင့်အော်ဟစ်နေကြသည်။

သူမက လက်ရှိအချိန်ကာလကို ပြန်လည်ရောက်ရှိသွားပြီမှန်း နားလည်လိုက်သည်။

" ဆရာ..ကျွန်မ ဒီလက်နက်ကို ပိုင်ဆိုင်သွားပြီ."

သူမက အောင်နိုင်ခြင်း အပြုံးကို ဆင်မြန်းလျက် ရန်ရိရှင်းကို ကြည့်ပြီးပြောလိုက်၏။

" သိပ်ကောင်းတယ်.. အခု ကျူးအော် လိုချင်တဲ့ လက်နက်ကို ရပြီ..ဆရာတို့ ဒီက အမြန်ထွက်ကြမယ်...သူတို့က ပြောတယ်..

ရန်ရိရှင်းက မှော်သတ္တဝါ တွေကို ညွှန်ပြရင်း ဆက်ပြော၏။

" ဒီနေရာက လက်နက်ကို ကာကွယ်ဖို့အတွက်ဖြစ်တည်လာတာ..လက်နက်ရဲ့ ပိုင်ရှင်အသစ် ပေါ်ထွက်လာရင်.ဒီနယ်မြေကြီး ပြိုပျက်သွားလိမ့်မယ်တဲ့..နယ်မြေထဲမှာရှိတဲ့..ထူးဆန်းမှော်သတ္တဝါတွေလည်း လွတ်လပ်မှုရကြလိမ့်မယ်..ဆရာတို့ မြန်မြန်ထွက်ပြီး အပြင်ကလူတွေကိုလည်း သတိပေးရမယ်..လာ..''

" ဟုတ်..ဆရာ.."

ရန်ရိရှင်း နှင့် ကျန်းစီကျူးဟာ မြေအောက်ဂူအတွင်းမှ ထွက်ပေါက်ကို မှော်သတ္တဝါ ကောင်များ၏ လမ်းညွှန်မှုနှက့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။

နေ၏အလင်းရောင်က သူမတို့ကို စူးရှစွာကြိုဆိုလျက်ရှိပြီး ဂူအပြင်ဘက်ရောက်သည်နှင့် ရန်ရိရှင်းက သူမ၏ ပစ္စည်းသိမ်းအိတ်အတွင်းသို့ ဝင်ရောက်ပုန်းကွယ်လိုက်၏။

ကျန်းစီကျူးဟာ မကြာခင်မှာဒီနေရာဟာ ပြိုပျက်တော့မည်ဖြစ်ကြောင်းကို လိုက်လံသတိပေးရဦးမည်ဖြစ်သည်။

သူမက ထွက်ပေါက်ကနေ ထွက်လာပြီးတော်တော်ကြာသည်အထိ မည်သူ့ကိုမျှ မမြင်ရပေ။ အခုချိန်မှာ သူမ စိတ်ပူပန်နေရပြီ။ ကျိုးထုံဟာ တစ်ခုခုဖြစ်နေလောက်လား..ယန်မောင်နှမရော..ချန်အကိုလည်း အန္တရာယ်ကင်းပါ့မလား ဟူသည့်အတွေးတွေသာ ပေါ်ပေါက်လာသည်။ မြေအောက်ဂူအတွင်းမှ ထွက်လာသည့် လမ်းတစ်လျှောက် ဂူနံရံများတွင် ထို လက်တံရှည်ကောင်များ၏ ဆွဲပတ်ရစ်၍ အသက်ဆုံးရှုံးနေသော လူအများအပျားကို သူမမြင်တွေ့ခဲ့သည်။ ထိုလက်တံရှည်ကောင်များက သူမ ဆရာကြောင့်ပဲလား မှော်သတ္တဝါ တွေကြောင့်ပဲလား မသိ သူမတို့ကိုတော့မတိုက်ခိုက်ပေ။

ကံကြမ္မာနှင့်ယှဥ်၍Onde histórias criam vida. Descubra agora